In the Future, Macs might be able to unlock with your face

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.8.2020 | နောင်လာမည့်အနာဂါတ်တွင် Mac များကို သင့်ရဲ့မျက်နှာနှင့် unlock ပြုလုပ်လာနိုင်ခြေရှိ

9to5Mac ရဲ့သတင်းတစ်ရပ်အရ သူတို့ဟာ Apple ကုမ္ပဏီရဲ့ TrueDepth ကင်မရာနဲ့သက်ဆိုင်တဲ့အကိုးအကား များကိုရှာဖွေတွေ့ရှိခဲ့ပြီး macOS Big Sur တွင် Apple ရဲ့ Face ID နည်းပညာကို တွေ့မြင်လာရနိုင်ခြေရှိနေ သည်ဟုဆိုပါတယ်။ ပိုပြီးတိတိကျကျပြောရမည်ဆိုလျှင် Big Sur ရဲ့ တတိယမြောက် ဘီတာဗားရှင်းတွင် “PearlCamera” ကို အထောက်အပံ့ပေးနိုင်သည့် ကုဒ်များပါဝင်နေခဲ့ပြီး အဆိုပါ codename ဟာ TrueDepth နှင့် Face ID များအတွက် Apple မှ iPhone X အတွက်လုပ်ဆောင်ခဲ့စဉ်ကအသုံးပြုခဲ့တဲ့ အမည်တစ်ရပ်ဖြစ်ပါ တယ်။ 

9to5Mac ဟာ “FaceDetect” နှင့် “BioCapture” ကဲ့သို့သောစာလုံးများကိုလည်းအဆိုပါကုဒ်အတွင်းတွေ့ရှိခဲ့ပြီး ထိုအရာသည် iOS အတွက် Apple မှအသုံးပြုခဲ့တဲ့အရာများပဲဖြစ်ပါတယ်။ သူတို့ရဲ့ဆောင်းပါးတွင်တော့ ရှာဖွေ တွေ့ရှိခဲ့တဲ့ Face ID extention ကိုသေချာစွာလေ့လာခဲ့ပြီးနောက်ဒီအရာက macOS အတွက်တည်ဆောက်ထား တာဖြစ်တယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်ဟူ၍ သိရှိခဲ့ရပါတယ်။ 

ထို့ကြောင့် အနာဂါတ်တွင်ထွက်ရှိလာမည့် Mac များတွင် သင့်ရဲ့မျက်နှာနဲ့ unlock ပြုလုပ်၍ရလာနိုင်ခြေရှိနေပြီး ကျွန်ုပ်တို့ဟာလည်းထိုသို့ဖြစ်လာဖို့ကိုမျှော်လင့်နေပါတယ်။ 

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။