If you are linking more than one Oculus VR headsets to your Facebook account, you are risking your account to ban.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.10.2020 | သင်ဟာ သင့် Facebook account ကို တစ်ခုထက်ပိုတဲ့ Oculus VR headset များနဲ့ link လုပ်ထားပါက သင့်ရဲ့ Facebook account ဟာ ban ခံရနိုင်ချေရှိနေပါတယ်။ 

Oculus ကိုအသုံးပြုဖို့အတွက် သင့်ရဲ့ device ကို Facebook အကောင့်တစ်ခုနဲ့ ချိတ်ဆက်ထားဖို့ လိုအပ်မှာ ဖြစ်ပြီး ဒီအရာက သူတို့ရဲ့ Fan အချို့ကို အခက်အခဲအချို့ဖြစ်ပေါ်စေခဲ့ပါတယ်။ အကယ်၍ သင်ဟာ တစ်ခုထက်ပိုသော VR headset များကို တူညီတဲ့ Facebook အကောင့်တစ်ခုနဲ့ ချိတ်ဆက်ထားပြီး အသုံးပြုနေပါက ban ခံရနိုင်ခြေများပါတယ်။ Facebook support representative များကလည်း ဒီအရာက Facebook ရဲ့ terms of service ကို ချိုးဖောက်နေတယ်ဟူ၍ ပြောဆိုထားပါတယ်။ 

Oculus က မတူသော Facebook အကောင့်များကို Headset တစ်လုံးအား link လုပ်နိုင်ဖို့ကို support ပေး ထားဖို့ ပြင်ဆင်လျှက်ရှိနေသော်လည်း Facebook အကောင့်တစ်ခု မဖွင့်လို၊ မဖွင့်နိုင်တဲ့သူများအတွက်ကိုတော့ အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်းရှိမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် - ၁၃နှစ်အောက် ကလေးများအတွက် ဒါဟာ ခက်ခဲနိုင်ပါတယ်။ ဒီလက်ရှိအခြေအနေကြောင့် အသုံးပြုသူများဟာ placeholder account များကို ဖွင့် ဖို့သော်၎င်း၊ တစ်ကြိမ်တွင် headset တစ်ခုကိုသာ အသုံးပြုဖို့သော်၎င်း နည်းလမ်း ၂ မျိုးသာရှိနေပြီး ဒီကိစ္စကြောင့် Oculus ရဲ့ အမာခံသုံးစွဲသူများကို အခက်အခဲများနဲ့ တွေ့ကြုံရစေနိုင်ပါတယ်။ 

Engadget မှ Facebook ကို မေးမြန်းမှုပြုလုပ်ခဲ့ရာတွင်တော့ - ဒီအကောင့် link လုပ်ဖို့ လိုအပ်ချက်ဟာ အသုံးပြုသူများကို game များကဲ့သို့သောအရာများတွင် Facebook ပေါ်ကသူငယ်ချင်းများကို ရှာဖွေနိုင်စေဖို့နဲ့ Troll ခြင်းများကို လျှော့ချပေးနိုင်ပြီး Horizon VR space ကဲ့သို့သော integration feature များကို အသုံးပြုရာ တွင်လည်း ကူညီပေးနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း အချို့သောဝေဖန်သူများကတော့ ဒီသို့ပြုလုပ်ထားခြင်းဟာ အသုံးပြုသူများကို Facebook ရဲ့ ဂေဟစနစ်အတွင်း ချည်နှောင်လိုက်တာဖြစ်ပြီး အသုံးပြုသူများရဲ့ activity များနဲ့ အမူအကျင့်တွေကို စောင့်ကြည့်လေ့လာဖို့ ပိုမိုပြီး လွယ်ကူသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။