Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Huawei ဟာ e-reader ဈေးကွက်သို့ ၎င်းတို့ရဲ့ပထမဆုံး e-reader ဖြစ်တဲ့ MatePad Paper နဲ့အတူ စတင်ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ အဆိုပါ device ဟာ Huawei ရဲ့ M-Pencil stylus နှင့် တွဲဖက်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အခြားသော Kindle e-reader များကဲ့သို့ စာများကိုဖတ်ရှုနိုင်ရုံသာမကပဲ မှတ်စုများကိုပါ မှတ်သားထားနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် built-in microphone လည်းပါဝင်ထည့်သွင်းထားတာကြောင့် အသံများကိုပါ recording ပြုလုပ်ထားနိုင်မှာဖြစ်ပြီး Kindle အများစုရဲ့ ၇ လက်မ screen များနှင့်နှိုင်းယှဉ်ပါက ပိုမိုကြီးမားတဲ့ ၁၀.၃ လက်မ E Ink display ကိုလည်း ထည့်သွင်းအသုံးပြုထားကြောင်း သိရှိရပါတယ်။ ဒီ specs များကိုကြည့်ခြင်းအားဖြင့် MatePad Paper ကို consumption အတွက်တစ်ခုတည်းသာမက productivity device တစ်ခုအဖြစ် အသုံးပြု၍ရနိုင်မှာဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်များဟာ ဈေးနှုန်းသက်သာမှုတော့ ရှိမှာမဟုတ်ပါဘူး။ Huawei MatePad Paper ကို လက်လီအရောင်းဈေးအားဖြင့် ယူရိုငွေ ၄၉၉ ဖြင့် ရောင်းချသွားရန်ရှိနေပြီး Amazon ရဲ့ Kindle e-reader များရဲ့ ဈေးနှုန်းကတော့ ယူရိုငွေ ၉၀ ခန့်သာ ကျသင့်မှာဖြစ်သော်လည်း စွမ်းဆောင်ရည်ဆင်တူသည့် အခြားသော Android Tablet တစ်ခုဖြစ်တဲ့ Onyx Boox Note Air 2 နဲ့နှိုင်းယှဉ်ကြည့်လိုက်ရင်တော့ ဈေးနှုန်းဟာ တူညီမှုရှိနေပြန်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။