Huawei turns to rivals to beat US pressure

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.6.2020 | Huawei ဟာ အမေရိကန်ရဲ့ဖိအားပေးမှုကိုကျော်လွှားနိုင်ဖို့ ပြိုင်ဖက်များနဲ့ပူးပေါင်းလို

Huawei ဟာ အမေရိကန်ရဲ့ဖိအားပေးမှုတွေကိုကျော်လွှားနိုင်ရန်အတွက် mobile chip ထုတ်လုပ် တဲ့ပြိုင်ဖက်များနဲ့ပူးပေါင်းဖို့ကြိုးစားနေပါတယ်။ ကမ္ဘာ့ smartphone ဈေးကွက်မှာ ဒီတရုတ်ကုမ္ပဏီ ကြီးရဲ့အခြေအနေဟာ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပါပြီ။ 

Huawei Technologies ဟာ အမေရိကန်ရဲ့  ဒီတရုတ်ကုမ္ပဏီကိုနာလန်မထူနိုင်စေရန် ဘေးကြပ် နံကြပ်ဖိအားပေးမှုတွေကို ခံနိုင်ရည်ရှိရန်အတွက် ပြိုင်ဖက် mobile-chip ထုတ်လုပ်သူများကို ချည်းကပ်နေပါတယ်ဟု ဒီအရာနဲ့ရင်းနှီးမှုရှိတဲ့သူတွေက Nikkei Asian Review သို့ ပြောကြားခဲ့ပါ တယ်။ 

Huawei ဟာ MediaTek ဆိုတဲ့ US က Qualcomm ပြီးလျှင် ကမ္ဘာပေါ်တွင်ဒုတိယ အကြီးဆုံး mobile chip ထုတ်လုပ်တဲ့ကုမ္ပဏီ နဲ့ဆွေးနွေးမှုများပြုလုပ်လျက်ရှိပါတယ်။ နောက်ပြီး Huawei ရဲ့ HiSilicon Technologies ယူနစ်ပြီးလျှင် ဒုတိယအကြီးဆုံး mobile chip designer ဖြစ်တဲ့ UNISOC ဆိုတဲ့ ကုမ္ပဏီနဲ့လည်း သူတို့ရဲ့ consumer electronics လုပ်ငန်းကို ဆက်လက်ရပ်တည် နိုင်စေဖို့အတွက် အစားထိုးအနေနဲ့ ချစ်ပ်ပြားများပိုမိုဝယ်ယူရန်အတွက် ဆွေးနွေးနေလျက်ရှိပါတယ် ဟု သတင်းအရင်းအမြစ်များထံမှ သိရှိရပါတယ်။ 

သူတို့ရဲ့ကိုယ်ပိုင် နည်းပညာမြင့်ချစ်ပ်ပြားများထုတ်လုပ်နိုင်ရန်မှာ Huawei ရဲ့ အဓိကနည်းဗျူဟာ တစ်ရပ်ဖြစ်ပြီး ဒီတရုတ်ရဲ့အကြီးဆုံးနည်းပညာကုမ္ပဏီနဲ့ကမ္ဘာ့ဒုတိယစမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီ ကြီးကို handset များနဲ့ အခြားသော device များရဲ့ ကမ္ဘာ့ဈေးကွက်တွင် ထင်ထင်ရှားရှားရပ်တည် နိုင်စေဖို့အတွက် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ လေ့လာသူများနဲ့ ထိုလုပ်ငန်းနယ်ပယ်ရှိ အလုပ်အမှု ဆောင်များကတော့ ပြိုင်ဖက်တွေရဲ့ chip ပြားများကိုဝယ်ယူသုံးစွဲမှုပြုလုပ်ခြင်းဟာ Huawei ရဲ့ အပြိုင်အဆိုင်ဈေးကွက်ကိုအနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။  
 

(Unicode)




 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။