HP’s new Dragonfly Laptops for 2021

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.1.2021 | 2021 ခုနှစ်အတွင်း ထွက်ရှိလာမည့် HP ရဲ့ Dragonfly Laptop အသစ်

ယခုနှစ်တွင် HP မှ သူတို့ရဲ့ Dragonfly laptop စီးရီးအတွက် နောက်ထပ် laptop အသစ် ၂ ခုကို ကြေငြာခဲ့ပါတယ်။ အဆိုပါ laptop ၂ ခုကို Dragonfly Max နဲ့ Dragonfly G2 ဟုခေါ်ဆိုပြီး နောက်ဆုံးပေါ် 11th Generation Intel Chip များကိုတပ်ဆင်ထားမှာဖြစ်ကာ နဂိုပါဝင်မယ့် 16GB RAM အစား 32GB RAM အထိ တိုးမြှင့်၍လည်း မှာယူနိုင်မှာဖြစ်ပါတယ်။

Laptop ၂ ခုစလုံးတွင် HP ရဲ့ Premium Keyboard လည်းပါဝင်လာမှာဖြစ်ပြီး ထိုအရာက မီးလင်းခြင်း၊ အရည်မှောက်ကျခြင်းများကိုလည်း ခံနိုင်ရည်ရှိမှာဖြစ်သည့်အပြင် ပေါင်ပေါ်တင်၍ အသုံးပြုသည့်အခါတွင် အလိုအလျှောက်သိရှိနိုင်ခြင်း (On-lap detection) နှင့် Context Aware ကဲ့သို့ laptop ဟာ အိတ်အတွင်းရောက်ရှိနေပါက အလိုအလျှောက်သိရှိနိုင်မည့် လုပ်ဆောင်ချက်များလည်းပါဝင်မှာဖြစ်ပါတယ်။ Laptop ကို ချလိုက်တဲ့ မျက်နှာပြင်တည်ငြိမ်မှုအပေါ်မူတည်ပြီး System မှ သင့်ရဲ့ပေါင်ပေါ်တွင် laptop တင်ထားပါက အလိုအလျှောက်သိရှိနိုင်မှာဖြစ်ကာ laptop မှ ထုတ်လွှင့်မယ့်အပူချိန်ကိုလျှော့ချပေးမှာဖြစ်တဲ့အတွက် ပေါင်ပေါ်တင်ပြီးအသုံးပြုရာတွင် သင့်အနေနဲ့သက်တောင့်သက်သာမရှိတဲ့အထိ laptop ပူလာခြင်းကို ကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။ Dragonfly laptop များကို တည်ငြိမ်တဲ့မျက်နှာပြင်ပေါ်သို့ပြန်လည်တင်လိုက်တဲ့အခါမှာတော့ laptop ဟာ ပုံမှန်အတိုင်း အပူကိုထုတ်လွှင့်ပေးသွားမှာပဲဖြစ်ပါတယ်။

HP ရဲ့ပြောကြားချက်များအရ Context Aware လုပ်ဆောင်ချက်ဟာ boot time ကို ၁၀ စက္ကန့်ကျော်အထိ လျှော့ချပေးနိုင်ပြီး သင်အပြင်သို့သယ်သွားတဲ့အခါမှာလည်း Battery အားကြာကြာခံနိုင်ရန် လုပ်ဆောင်ပေးနိုင်စွမ်းရှိနေပါတယ်။ နောက်ထပ် Intrusion Detection လို့ခေါ်တဲ့ tool အသစ်တစ်ခုကတော့ သင့်ခွင့်ပြုချက်မရှိပဲ Device ကို ဖွင့်ခြင်း၊ အသုံးပြုခြင်းတို့ရှိလာပါက သင့်ထံသို့အကြောင်းကြားပေးနိုင်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။