How to Re-Use Your Old Phones and Gadgets (Part-1)

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.10.2020 | သင့်ရဲ့ ဖုန်းအဟောင်းများနဲ့ Gadget အဟောင်းများကို ဘယ်လိုပြန်လည်အသုံးချမလဲ? (အပိုင်း - ၁) 

အချိန်နဲ့အမျှ ကျွန်ုပ်တို့အသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်းများဟာ ပြောင်းလဲလာခဲ့ကြပြီး ကျွန်ုပ်တို့ရဲ့ ကမ္ဘာဂြိုလ်ပေါ်တွင် လျှပ်စစ်ပစ္စည်းအပျက်အစီးများဟာ များသထက်များလာပါတယ်။ ဒါကြောင့် စာရေးသူက ဒီကနေ့မှာတော့ wired.com က ရေးသားထားတဲ့ သင့်ရဲ့ စမတ်ဖုန်းများနဲ့ tablet များဟာ အသုံးဝင်ခြင်းမရှိတော့ဘူးဆိုရင်တောင်မှ ဘယ်လိုပြန်လည် အသုံးချနိုင်သေးသလဲဆိုတာအကြောင်းရေးသားထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို စာဖတ်သူတို့အတွက် ဘာသာပြန်တင်ပြပေးသွားလိုပါတယ်။ 

သင့်ရဲ့ ဖုန်းအဟောင်း၊ Tablet အဟောင်းများကို security ကင်မရာတစ်ခုအနေနဲ့ ပြန်လည်အသုံးချပါ။ 

Smartphone တစ်လုံးဟာ သူ့ရဲ့အသုံးဝင်မှုတွေသိပ်မရှိတော့ဘူးဆိုရင်တောင်မှ လွှင့်မပစ်လိုက်ပါနဲ့ အခြားသောနေရာများတွင် သင်ပြန်လည်အသုံးချနိုင်တဲ့အရာတွေ ရှိနေပါသေးတယ်။ ထိုနည်းလမ်းများထဲက တစ်ခုကတော့ security ကင်မရာတစ်ခုအနေနဲ့ ပြန်လည်အသုံးချဖို့ပါပဲ။ သင့်အနေနဲ့ မည်သည့်နေရာသို့ ရောက်နေနေ အမြဲတမ်း အခြားဖုန်းတစ်လုံးကနေလှမ်း၍ကြည့်ရှုနေနိုင်မယ်ံ video feed တစ်ခုအဖြစ်သို့ ပြောင်းလဲပေးနိုင်ပါတယ်။ 

ဒီအရာကို setup ပြုလုပ်ဖို့အတွက် tripod (သို့) mount တစ်ခုလိုအပ်မှာဖြစ်ပြီး software အချို့လဲ လိုအပ်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် - Manything နဲ့ Alfred တို့ဟာ iOS မှာရော Android မှာပါ app များရှိတဲ့အတွက် သက်ဆိုင်ရာ app ကို install ပြုလုပ်ပြီးနောက် လမ်းညွှန်ချက်တွေအတိုင်း လိုက်လံလုပ်ဆောင်သွားရုံပါပဲ။ အထက်ဖော်ပြပါ app များအပြင် အခြားသော app များလည်းရှိနေပါသေးတယ်။ 

Tablet များတွင်လည်း အလားတူပါပဲ။ သို့သော် အရွယ်အစားကြီးမားတာကြောင့် setup ပြုလုပ်ရာတွင် အနည်းငယ်ခက်ခဲမှုရှိနိုင်ပါတယ်။ တစ်ချို့သော ဖုန်းနဲ့ tablet များဟာ ယနေ့ခေတ်တွင် ရေစိုဒဏ်ခံနိုင်လာပြီဖြစ်တဲ့အတွက် outdoor နေရာများတွင်လည်း setup ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် သင်ရွေးချယ်ထားတဲ့ mobile device ကိုတော့ အမြဲတမ်း အားသွင်းကြိုးတပ်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။