How to Re-Use Your Old Gadgets (Part - 6)

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.11.2020 | သင့်ရဲ့ ဖုန်းအဟောင်းများနဲ့ Gadget အဟောင်းများကို ဘယ်လိုပြန်လည်အသုံးချမလဲ? (အပိုင်း - ၆) 

သင့်ရဲ့ Tablet အဟောင်းများကို Digital Photo Frame တစ်ခုအနေနဲ့ ပြန်လည်အသုံးပြုပါ 

သင့်ဖုန်းအတွင်း ရိုက်ကူးထားခဲ့တဲ့ ဓါတ်ပုံများကို သင်မကြာခဏကြည့်ရှုဖြစ်ပါသလား? အများစုအနေနဲ့တော့ ထိုသို့ မကြာခဏလုပ်မိကြမှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ အသုံးပြုနေခြင်းမရှိတဲ့ tablet တစ်ခုကို dedicated photo frame တစ်ခုအနေနဲ့ သင့်အိမ် (သို့) ရုံးခန်းအတွင်းတွင် ထားရှိလိုမှာဖြစ်ပါတယ်။ 

သင့်အနေနဲ့ ထို Tablet ကို အချိန်တိုင်းအားသွင်းထားဖို့ လိုအပ်မှာဖြစ်ပြီး ထိုအရာကို တစ်နေရာရာတွင်ထောင်ထားနိုင်ဖို့အတွက် mount (သို့) stand တစ်ခုလဲလိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် လူကြိုက်များတဲ့ tablet model များတွင် ဈေးနှုန်းသက်သာသော third-party accessory များစွာရရှိနိုင်တဲ့အတွက် ရွေးချယ်စရာ အများအပြားလည်းရှိနေမှာဖြစ်ပါတယ်။ 

သင့်အနေနဲ့ ထိုလုပ်ဆောင်ချက်အတွက် dedicated software တစ်ခုကိုလည်း လိုအပ်မှာဖြစ်ပါတယ်။ Fotoo ဟာ Android Tablet များအတွက် အကောင်းဆုံးရွေးချယ်စရာ app များထဲမှတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ iPad အဟောင်းကို photo frame တစ်ခုအနေနဲ့ အသုံးပြုလိုတယ်ဆိုရင်တော့ LiveFrame ကို အသုံးပြုနိုင်ပါ တယ်။ သင့် Tablet ကို အချိန်တိုင်းပွင့်နေစေပြီး ဓါတ်ပုံများကို ပြသနေစေဖို့အတွက် အခြားသော app များလည်းရွေးချယ်စရာအဖြစ်ရှိနေပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။