How to Re-Use Your Old Gadgets (Part-4)

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.11.2020 | သင့်ရဲ့ ဖုန်းအဟောင်းများနဲ့ Gadget အဟောင်းများကို ဘယ်လိုပြန်လည်အသုံးချမလဲ? (အပိုင်း - ၄) 

Digital ကင်မရာ အဟောင်းများကို Webcam အဖြစ် ပြန်လည်အသုံးပြုပါ။ 

အကယ်၍သင့်ရဲ့ ဈေးကြီးပေးဝယ်ထားရတဲ့ DSLR ကို model အသစ်တစ်ခုနဲ့ အစားထိုးလိုက်ပြီဆိုပါက သင့်အနေနဲ့ အစားထိုးလိုက်တဲ့ ပစ္စည်းအဟောင်းကို ရောင်းချပြီး ကုန်ကျစရိတ်အချို့ကာမိအောင် လုပ်ဆောင်လိုမှာဖြစ်ပါတယ်။ သို့သော်လည်း သင့်အနေနဲ့ ပစ္စည်းအဟောင်းကို သိမ်းဆည်းထားလိုတဲ့ ဆန္ဒရှိပါက ထိုကင်မရာကို ပုံထွက်ကောင်းမွန်တဲ့ webcam တစ်ခုအဖြစ်သို့ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ 

Laptop အများစုတွင် webcam ပါဝင်ပြီးသားဖြစ်တဲ့အတွက် ဒါဟာ မရှိမဖြစ်လိုအပ်တဲ့အရာမဟုတ်ဘူးလို့ ထင်ချင်ထင်နိုင်သော်လည်း ထိုသို့လုပ်ဆောင်ထားလိုက်ခြင်းအားဖြင့် သင် Zoom ကနေတဆင့် video call များပြုလုပ်ရာတွင် ပိုမိုမြင့်မားသောအရည်အသွေးကို ရရှိနိုင်မှာဖြစ်သလို သင့်ရဲ့ webcam ကို ထောင့်ပေါင်းစုံ တွင်နေရာချထား၍လည်း ရနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် Twitch ကဲ့သို့သော ဝန်ဆောင်မှုများသွင် သင့်ကိုယ်သင် streaming ပြုလုပ်လိုပါက သင့်အနေနဲ့ ပြိုင်ဘက်ကင်း video အရည်အသွေးကို ရရှိနိုင်မှာလဲ ဖြစ်ပါတယ်။ 

ကင်မရာထုတ်လုပ်ရောင်းချသူများက ဒီလုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်မည့် software များကို လွန်ခဲ့သော လများအတွင်းက ထုတ်လုပ်ပေးခဲ့ပြီး ယခုအခါတွင် Sony, Canon, Fujiflim နဲ့ အခြားသော ကင်မရာ brand များတွင် official tool များကို ရရှိနိုင်နေပြီပဲဖြစ်ပါတယ်။ GoPro တွင်လည်း ထိုကဲ့သို့သော program တစ်ခု ထွက်ရှိထားပြီပဲဖြစ်ပါတယ်။ သင့်အနေနဲ့ထိုသို့ပြုလုပ်လိုပါကလည်း လမ်းညွှန်ချက်များကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။