How to Re-Use Your Old Gadgets (Part-3)

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.10.2020 | သင့်ရဲ့ ဖုန်းအဟောင်းများနဲ့ Gadget အဟောင်းများကို ဘယ်လိုပြန်လည်အသုံးချမလဲ? (အပိုင်း - ၃) 

သင့်ရဲ့ Laptop အဟောင်းများကို Media Center တစ်ခုအနေနဲ့ ပြန်လည်အသုံးချပါ။

အလားတူပင် သင့်ရဲ့ laptop အဟောင်းများကို media center များအနေနဲ့ ပြန်လည်အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ သီချင်းများနဲ့ video များကို သိမ်းဆည်းထားပြီး သင့်အိမ်အတွင်း အဆင်သင့် streaming ပြုလုပ်နိုင်ရန်အတွက် လုပ်ဆောင်ထားနိုင်ပါတယ်။ ဒီအရာဟာ ပေါ့ပါးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့အတွက် hardware အဟောင်းတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ ထို့အပြင် ထိုသို့လုပ်ဆောင်ထားခြင်းအားဖြင့် သင့် laptop အသစ်ရဲ့ hard drive space ကိုလည်း နေရာပိုကျယ်သွားစေမှာဖြစ်ပါတယ်။

Plex (သို့) Kodi ကဲ့သို့သော software များဟာ ထိုသို့ပြုလုပ်နိုင်ရန် အသင့်တော်ဆုံး software များဖြစ်ပြီး (လိုအပ်ပါက သင့် laptop အဟောင်းအတွင်းရှိ media များကို သင့်အိမ်ပြင်ပရှိ device များသို့လည်း ပို့လွှတ်ပေးနိုင်ပါတယ်)။ သို့မဟုတ် Apple မှ macOS အတွက် ထောက်ပံ့ပေးထားတဲ့ Music နဲ့ TV app များကိုလည်း အသုံးပြုနိုင်ပါတယ်။ အထက်တွင်ပြောကြားသွားခဲ့တဲ့ wireless streaming protocol များဟာ သင့်အနေနဲ့ များစွာလုပ်ဆောင်စရာမလိုပဲ လိုက်ပါလုပ်ဆောင်နိုင်စေမယ့် setup များပဲဖြစ်ပါတယ်။

ထို့အပြင် သင့်ရဲ့ laptop အဟောင်းကို အခြားသော ကွန်ပြူတာများနဲ့ device များမှ ဝင်ရောက်ကြည့်ရှုနိုင်ဖို့ လိုအပ်တဲ့ file များကို သိမ်းဆည်းရာနေရာတစ်ခုအနေနဲ့လဲ ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ Windows နဲ့ macOS နှစ်ခုလုံးတွင် home network တစ်ခုကို configure ပြုလုပ်ရန် လွယ်ကူပါတယ်။ ထိုသို့ပြုလုပ်ထားခြင်းအားဖြင့် သင့် laptop အဟောင်းရဲ့ hard drive ကို အခြားသောကွန်ပြူတာများကနေ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။