How to Re-Use Your Old Gadgets (Part-2)

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.10.2020 | သင့်ရဲ့ ဖုန်းအဟောင်းများနဲ့ Gadget အဟောင်းများကို ဘယ်လိုပြန်လည်အသုံးချမလဲ? (အပိုင်း - ၂) 

သင့်ရဲ့ဖုန်းအဟောင်း၊ Tablet အဟောင်းများကို Media Remote တစ်ခုအနေနဲ့ ပြန်လည်အသုံးချပါ။ 

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်အကြာက ကျွန်ုပ်တို့ဟာ များစွာသော wireless streaming protocol အသစ်များ ထွက်ရှိလာပြီး ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာနိုင်ကြတာကို တွေ့ရှိခဲ့ရပါတယ်။ သင့်အနေနဲ့ media များကို streaming ပြုလုပ်နိုင်မယ့်နည်းလမ်းတွေများစွာ ယခုအခါတွင်ရှိနေပါပြီ။ Apple AirPlay, Google ရဲ့ Chromecast system, Sonos ရဲ့ speaker များအတွက် ထောက်ပံ့ပေးထားတဲ့ app များအပါအဝင် အခြား များစွာသောနည်းလမ်းများရှိနေပါသေးတယ်။ 

ဒီအတွက် သင့်ရဲ့ ဖုန်းအဟောင်း (သို့) tablet အဟောင်းများကို dedicated media remote တစ်ခု (သို့) media hub တစ်ခုအဖြစ်အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ iPad အဟောင်းကို Apple TV အနီးတွင် အမြဲထားကာ show များနဲ့ ရုပ်ရှင်များအကြား ပြောင်းလဲနိုင်ပါတယ်။ ဒါမှမဟုတ် သင့်ရဲ့ Android tablet အဟောင်းကို Chromecast dongle အနီးတွင်ထားရှိကာ Spotify (သို့) Youtube playlist များကို Chromecast ပေါ်တွင် streaming ပြုလုပ်၍ နားဆင်နိုင်ပါတယ်။ 

ဒီသို့ပြုလုပ်လိုက်ခြင်းအားဖြင့် သင့်ရဲ့ဖုန်းဟာ ထိုအလုပ်တွေကိုလုပ်ရတော့မှာမဟုတ်တဲ့အတွက် ဘက်ထရီသက်တမ်းပိုကြာကြာခံလာမှာဖြစ်ပြီး မိသားစုဝင်တိုင်းဟာလည်း ထို device တစ်ခုတည်းကို အသုံးပြုပြီး streaming ပြုလုပ်နိုင်စေမှာဖြစ်တဲ့အတွက် login (သို့) lock screen များနဲ့ ခံထားစရာလည်း လိုအပ်တော့မှာမဟုတ်ပါဘူး။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။