How can I ensure I get accurate results from speed test?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.6.2020 | ကျွန်ုပ်တို့အနေနဲ့ အင်တာနက်မြန်နှုန်းစစ်ဆေးခြင်း (speed test) မှ တိကျတဲ့ results (ရလာဒ်) တွေ သေချာစွာရရှိဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ? 

အတိကျဆုံး broadband speed test result တွေကိုရရှိနိုင်ဖို့အတွက်၊ အောက်ပါအဆင့်များကို လိုက်ပါလုပ်ဆောင်ပေးရပါမယ်။ 

  • သင့်ရဲ့ PC/ laptop မှာ download များကို ပိတ်ထားပါ။ 
  • အင်တာနက်ကိုအသုံးပြုရတဲ့ software များ (ဥပမာ - အင်တာနက်ပေါ်မှ ရေဒီယိုများ၊ RSS news feed များ (သို့) TV ဝန်ဆောင်မှုများ) ကို ပိတ်လိုက်ပါ။ 
  • သင့်ရဲ့ wireless network ကိုမျှဝေအသုံးပြုနေရတဲ့ အခြားသောကွန်ပြူတာများ၊ Tablet များ၊ စမတ်ဖုန်းများနှင့် ဂိမ်း console များကိုလည်းပိတ်ထားပါ။ 
  • Broadband ကေဘယ်လ်ကြိုးများအားလုံးဟာ ကောင်းမွန်စွာတပ်ဆင်ထားမှုရှိနေဖို့ သေချာစစ် ဆေးပါ။ 
  • သင့်ကွန်ပြူတာနဲ့ wireless router တို့အကြား ကြီးမားတဲ့အရာဝတ္ထုတွေရှိမနေပါစေနဲ့။ 
  • Microwave မီးဖို၊ ကြိုးမဲ့ doorbell များ၊ ကလေးစောင့်ကြည့်ရေး monitor များ၊ ခြင်ဖမ်းဇကာ များနဲ့ လျှပ်စစ်စောင်များ အစရှိသည်တို့အားလုံးဟာ အင်တာနက် signal strength ကို သက်ရောက်မှုများရှိစေနိုင်တဲ့အတွက် ပိတ်ထားရပါမယ်။ 
  • အကယ်၍ သင်က mobile broadband မြန်နှုန်းကို mobile အင်တာနက်ချိတ်ဆက်သည့် ကိရိယာ (dongle) သို့မဟုတ် laptop/ netbook တို့ပေါ်တွင် ပါဝင်တဲ့ mobile internet မြန်နှုန်းကို သွားရင်းလာရင်းနဲ့ စစ်ဆေးနေတာဆိုရင်တော့ သင်ဟာတစ်နေရာရာမှာ အထိုင်ချကာ ထိုင်နေဖို့နဲ့၊ အင်တာနက်လိုင်းမိတဲ့နေရာဖြစ်နေဖို့ကို သတိပြုပေးပါ။ သင်ဟာ ဒီစစ်ဆေးမှုပြု လုပ်စဉ်အတွင်း 3G ကွန်ယက်ရရှိနိုင်တဲ့နေရာမှ ဝေးကွာသွားပါက ရလာဒ်များကိုဖော်ပြသည့် အခါတွင် အမှန်တကယ်ရရှိနိုင်တဲ့မြန်နှုန်းထက်လျော့နည်းနေနိုင်ပါတယ်။ 
  • Broadband ရဲ့မြန်နှုန်းကို သင့်ရဲ့ဖုန်းပေါ်မှ၎င်း၊ router နဲ့ဝေးကွာသောနေရာမှ၎င်း WiFi ပေါ်မှ တစ်ဆင့်မတိုင်းတာသင့်ပါဘူး။ laptop ကို router နဲ့ ကြိုးဖြင့်တိုက်ရိုက်ချိတ်ဆက်ပြီးသာ တိုင်း တာသင့်ပါတယ်။ နောက်ပြီး ချိန်ညှိမှု (configuration) များကအဆင်ပြေရဲ့လားဆိုတာကိုလဲ စစ်ဆေးကြည့်ရှုထားရပါမယ်။ သင့်ရဲ့ device ဟာ စွမ်းဆောင်ရည်နိမ့်နေပါက မြန်နှုန်းမြင့် အင်တာနက်များကိုတိုင်းတာနိုင်မှာမဟုတ်ပါဘူး။ 

(Unicode)


  • သင့ျကှနျပွူတာနဲ့ wireless router တို့အကွား ကွီးမားတဲ့အရာဝတ်ထုတှရှေိမနပေါစနေဲ့။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။