Hideo Kojima's game studio says it will consider legal action for fake assassin posts

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.7.2022 | Hideo Kojima ရဲ့ game studio မှ ဝန်ကြီးချုပ် Shinzo Abe ကို လုပ်ကြံသတ်ဖြတ်သူအဖြစ် သတင်းအမှားများ ပျံ့နှံ့နေခြင်းကို တရားစွဲဆိုရန် စီစဉ်နေသည်ဟု ကြေငြာချက်ထုတ်ပြန် 

မကြာသေးမှီက ဆုံးပါးသွားခဲ့သော ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shinzo Abe ကို လုပ်ကြံသတ်ဖြတ်ခဲ့သူအဖြစ် social media နှင့် သတင်းဌာနအချို့မှ ရေးသားလွှင့်တင်ခဲ့တဲ့ fake post များအတွက် Hideo Kojima ရဲ့ game studio က တုန့်ပြန်မှုတစ်ခုကို ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ 

Kojima Productions ကရေးသားခဲ့တဲ့ Tweet တစ်ခုတွင် "၎င်းတို့ကုမ္ပဏီအနေနဲ့ ဒီသတင်းအမှားများနှင့် အချက်အလက်အမှားများပါဝင်နေတဲ့ ကောလဟာလများ ပြန့်နှံ့နေခြင်းကို လွန်စွာရှုံ့ချပါတယ်" ဟူ၍ ရေးသားထားပြီး "၎င်းတို့အနေနဲ့ အချို့သောအခြေအနေများအတွက် တရားစွဲဆိုမှုများကိုပါပြုလုပ်သွားရန် စီစဉ်လျှက်ရှိနေပါတယ်" ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

ဂျူလိုင်လ ၈ ရက်နေ့တွင် လူတစ်ဦးမှ Abe ကို နိုင်ငံရေးလှုံ့ဆော်မှု campaign တစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ် သေနတ်ဖြင့်ပစ်ခတ်၍ လုပ်ကြံခဲ့ပြီး ရဲအရာရှိများမှ အဆိုပါပစ်ခတ်သူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းသတင်းများအရ ထိုသူမှာ အသက် ၄၁နှစ်အရွယ်ရှိ Tetsuya Yamagami ဆိုသူဖြစ်ကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။