HarmonyOS will be replacing Android on flagship Huawei devices starting from April

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.2.2021 | Flagship Huawei device များတွင် April လမှ စတင်၍ HarmonyOS ကို Android နေရာတွင်အစားထိုးအသုံးပြုသွားနိုင်ရန် Huawei မှ စီစဉ်လျှက်ရှိ

တရုတ်နိုင်ငံအပေါ်ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုများကြောင့် Huawei ဖုန်းများဟာ Google app များနဲ့ Google Play Store နဲ့ Google Service တို့မပါဝင်သော Android version ကိုသာ အသုံးပြုနေခဲ့ရပြီး အတော်လေးနောက်ကောက်ကျနေခဲ့ပါတယ်။ 

သို့သော်လည်း ကုမ္ပဏီဟာ ယခုအခါမှာတော့ သူတို့ကိုယ်ပိုင် Operating System တစ်ခုဖြစ်တဲ့ HarmonyOS ကို လွှင့်တင်ဖို့ပြင်ဆင်လျှက်ရှိနေကာ ထိုအရာကိုလွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက Internet of Things platform တစ်ခုအနေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အဆိုပါ OS ဟာ စမတ်ဖုန်းများတွင် အသုံးပြု၍ရနိုင်လောက်သည်အထိ ကောင်းမွန်မှုများရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ၂၂ ရက်နေ့၊ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်တွင်ကျင်းပသော Huawei Mate X2 ရဲ့ launch event တွင် HarmonyOS ဟာ ဧပြီလမှစတင်၍ Huawei ရဲ့ flagship smartphone များတွင် ပါဝင်လာတော့မှာဖြစ်ကြောင်းကိုပြောကြားသွားခဲ့ပါတယ်။ 

HarmonyOS ကို ယခင်က smart speaker များ၊ ဝတ်ဆင်ရသော အခြားသော smart device များတွင် ထည့်သွင်းအသုံးပြုထားပြီးဖြစ်တဲ့အတွက် ဒီအရာဟာ mobile platform သို့ ခုန်ကူးဖို့အတွက် အသင့်ဖြစ်နေလောက်ပြီလို့ ယူဆရနိုင်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။