Harley Davidson’s Stunning vintage-inspired e-bikes will be on sale later this year, the company announced

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.9.2021 | Harley Davidson ရဲ့ လှပတဲ့ vintage-inspired e-bike များကို ယခုနှစ်ကုန်ခန့်တွင် စတင်၍ ရောင်းချသွားမည်ဖြစ်ကြောင်း ကြေငြာ

သူတို့ကိုယ်ပိုင် e-bike ကုမ္ပဏီတစ်ခုဖြစ်တဲ့ Serial 1 ကို တည်ထောင်မည့်အကြောင်း ကြေငြာခဲ့ပြီး ၁ နှစ်ခန့်အကြာတွင် Harley Davidson မှ သူတို့ရဲ့ vintage-inspired e-bike model များကို ယခုနှစ်ကုန်ခန့်မှစတင်၍ ရောင်းချတော့မှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ 

အဆိုပါ S1 Mosh/ Tribute model ဟာ “Serial Number One” ဟုအမည်ပေးထားတဲ့ Harley Davidson ရဲ့ ၁၉၀၃ ခုနှစ်တွင်တည်ဆောက်ခဲ့တဲ့ အစောဆုံး motorcycle တစ်စီးကို ကိုယ်စားပြုတဲ့ e-bike model တစ်ခု ဖြစ်ပါတယ်။ ၎င်းရဲ့ design ဖြစ်တဲ့ - အဖြူရောင်တာယာများ, လယ်သာထိုင်ခုံနှင့် လက်ကိုင်များနဲ့ အနက်ရောင်တောက်နေတဲ့ ကိုယ်ထည်ပေါ်တွင် ရွှေရောင်စာလုံးဖြင့်ရေးထားသော ဒီဇိုင်းဟာ အဆိုပါ ပထမဆုံး Harley Davidson ဆိုင်ကယ်ကို မှီငြမ်း၍တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ အဖြူရောင် Schwalbe Super Moto-X တာယာများကို Serial 1 မှသာမူပိုင်သုံးစွဲခွင့်ရရှိထားပြီး ၎င်းတွင်ပါဝင်မည့် လယ်သာထိုင်ခုံများနှင့် လယ်သာလက်ကိုင်ကိုတော့ England နိုင်ငံရှိ နာမည်ကြီး စက်ဘီးထိုင်ခုံနှင့် လက်ကိုင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Brooks မှ handmade များကို အသုံးပြုထားတာဖြစ်ပါတယ်။ 

Harley Davidson ရဲ့ ကြေငြာချက်အရ ၎င်းတို့ဟာ အဆိုပါစက်ဘီးမျိုးကို အစီးရေ ၆၅၀ သာထုတ်လုပ်သွားမှာဖြစ်ပြီး ထိုအထဲမှ ထက်ဝက်ခန့်ကို U.S တွင်ရောင်းချသွားမှာဖြစ်ကာ ကျန်တစ်ဝက်ကိုတော့ ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ယခုအခါ ကုမ္ပဏီရဲ့ website ပေါ်တွင် ယနေ့မှစတင်၍ pre-order များကိုလည်း စတင်လက်ခံနေပြီဖြစ်ပြီး တင်ပို့မှုများကိုတော့ ယခုနှစ် နှစ်ကုန်ပိုင်းခန့်တွင်မှ ပြုလုပ်သွားမယ်လို့ သတင်းရရှိထားပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။