Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
LiveWire လို့အမည်ရတဲ့ Harley-Davidson ရဲ့ ဌာနခွဲ လျှပ်စစ်ဆိုင်ကယ် brand ဟာ ယခုအပတ်အတွင်းတွင် Del Mar လို့အမည်ပေးထားတဲ့ နောက်ထပ်ဆိုင်ကယ်အသစ်တစ်စီးကို ထုတ်လုပ်ရောင်းချသွားမှာဖြစ်ကြောင်း ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။
Electrek ရဲ့ သတင်းအရ အဆိုပါဆိုင်ကယ်ဟာ middleweight mortorcycle တစ်ခုဖြစ်မှာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ LiveWire One ထက်ပိုမို၍ ဈေးနှုန်းသက်သာမှုရှိမှာဖြစ်ပါတယ်။ ထုတ်လုပ်ရောင်းချသွားမည့်ရက်ကို ကြေငြာမှုပြုလုပ်ခြင်းနဲ့အတူ LiveWire က အဆိုပါဆိုင်ကယ်ရဲ့ ဘေးဘက်ပုံရိပ်ကို
ပြသသွားတဲ့ video အတိုတစ်ပုဒ်ကိုလည်း ထုတ်လွှင့်ပေးခဲ့ပါသေးတယ်။
အဆိုပါ Del Mar လျှပ်စစ်ဆိုင်ကယ်ဟာ ကုမ္ပဏီရဲ့ lineup တွင် ကန်ဒေါ်လာ ၂၁,၉၉၉ ပေးရမည့် LiveWire One ထက်ပိုမို၍ဈေးသက်သာမည့် လျှပ်စစ်ဆိုင်ကယ်တစ်ခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။