Hackers steal $97 million from Japan's Liquid crypto exchange

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.8.2021 | ဂျပန်နိုင်ငံအခြေစိုက် Crypto Exchange တစ်ခုဖြစ်တဲ့ Liquid ထံမှ ကန်ဒေါ်လာ ၉၇ သန်းကို Hacker များမှ ခိုးယူခဲ့ 

ဂျပန်နိုင်ငံ အခြေစိုက် Cryptocurrency ငွေကြေးလဲလှယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Liquid ဟာ ယခုအခါ Cyber တိုက်ခိုက်မှုတစ်ခုကိုခံခဲ့ရပြီး Hacker များမှ ကန်ဒေါ်လာ ၉၇ သန်းခန့် တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို ခိုးယူသွားခဲ့ကြောင်း သိရှိရပါတယ်။ 

အဆိုပါ ခိုးယူခံရတဲ့ ငွေကြေးများတွင် ကန်ဒေါ်လာ ၄၅ သန်းပမာဏ တန်ဖိုးရှိတဲ့ Ethereum token များလည်း ပါဝင်နေပြီး ခိုးယူသွားသူမှ ယခုအခါတွင် decentralized exchange များကို အသုံးပြု၍ ၎င်းတို့ကို Ether အဖြစ်ပြောင်းလဲပြီး အကောင့်ကို frozen ပြုလုပ်ခံရခြင်းမှ ရှောင်လွှဲနိုင်ရန် ပြုလုပ်လျှက်ရှိနေကြောင်းကို Liquid အား ထောက်လှမ်းစစ်ဆေးမှုများပြုလုပ်နေရာတွင် အကူအညီပေးလျှက်ရှိနေတဲ့ Elliptic ဟု အမည်ရတဲ့ Crypto ငွေကြေးစောင့်ကြည့်ရေးကုမ္ပဏီတစ်ခုမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ဒီအဖြစ်အပျက်ဟာ ယခုလအတွင်းဖြစ်ပွားခဲ့တဲ့ ဒုတိယအကြီးဆုံး Crypto ငွေကြေးခိုးယူမှုဖြစ်ပြီး ယခုလအစောပိုင်းကလည်း Hacker တစ်ဦးမှ ကန်ဒေါ်လာ ၆၆၁ သန်း တန်ကြေးရှိ Ethereum, Shiba Inu နဲ့ အခြားသော ဒီဂျစ်တယ်ငွေကြေးများကို decentralized Poly Network ဘဏ္ဍာရေး platform တစ်ခုမှ ခိုးယူမှုပြုလုပ်ခဲ့ပြီးနောက်တွင်မှ ပြန်ပေးခဲ့မှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။