Hackers Offering AAA Title Games Infected with Malwares to Mine Cryptocurrency

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.7.2021 | Cryptocurrency Mining ပြုလုပ်ရန်အတွက် Hacker များမှ Malware ပါဝင်နေသော AAA Title ဂိမ်းများကို ဖြန့်ချီခဲ့ 

သတင်းများအရ Hacker များဟာ Cryptomining ပြုလုပ်နိုင်သည့် Malware များကို လူကြိုက်များသည့် ဂိမ်းများအတွင်းသို့ ထည့်သွင်း၍ဖြန့်ချီလျှက်ရှိကာ အဆိုပါ pirated game များကို ဆော့ကစားရန်အတွက် Install ပြုလုပ်မည့် player များရဲ့ ကွန်ပြူတာများအား ထိန်းချုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

BC News မှ သတင်းတစ်ပုဒ်အရ AAA Title ဂိမ်းများဖြစ်တဲ့ Grand Theft Auto, NBA 2K နှင့် Pro Evolution Soccer ကဲ့သို့သောဂိမ်းများကို Hacker များမှ အခမဲ့ဖြန့်ချီလျှက်ရှိနေပြီး အဆိုပါဂိမ်းများဟာ အန္တရာယ်များတဲ့ Malware များပါဝင်လျှက်ရှိနေပါတယ်။ Hacker များမှ အဆိုပါ Malware များကို အသုံးပြုကာ အသုံးပြုသူများရဲ့ ကွန်ပြူတာများကို ထိန်းချုပ်၍ ကိုယ်ရေးအချက်အလက်များကို ရယူနိုင်မှာဖြစ်ပါတယ်။ 

Download ပြုလုပ်လိုက်တာနဲ့ အဆိုပါဂိမ်းများဟာ Crackonosh ဟုအမည်ရတဲ့ Malware ကို အသုံးပြု၍ Digital ငွေကြေးများကို Mining ပြုလုပ်သွားမှာဖြစ်ပါတယ်။ သိရှိရတဲ့အချက်အလက်များအရ အဆိုပါ ရာဇဝတ်မှုကျူးလွန်သူများဟာ လက်ရှိအချိန်တွင် Monero ဟုအမည်ရတဲ့ Cryptocurrecy အားဖြင့် ကန်ဒေါ်လာ ၂သန်းနှင့် ညီမျှသောပမာဏကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ Monero ဟာ Bitcoin နှင့် အခြားသော Cryptocurrency များထက် ပိုမို၍ ခြေရာခံရခက်ခဲတဲ့အတွက် ရာဇဝတ်မှုကျူးလွန်သူများအနေနဲ့ အသုံးပြုလေ့ရှိနေတဲ့ Digital ငွေကြေးတစ်မျိုးပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။