Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Twitter ဟာ သမိုင်းတစ်လျှောက်အကြီးမားဆုံးသော hacker တိုက်ခိုက်မှုတစ်ရပ်နဲ့ကြုံတွေ့ခဲ့ရပါ တယ်။
တိုက်ခိုက်သူများဟာ celebrity တွေနဲ့ ကမ္ဘာ့ကုမ္ပဏီကြီးတွေရဲ့အကောင့်များကို ထိမ်းချုပ်နိုင်ခဲ့ပြီး bitcoin များကိုသူတို့ရဲ့အကောင့်များထံသို့ပေးပို့ရန်တောင်းဆိုခဲ့ပါတယ်။ ထိုသို့ပြုလုပ်ခံရသူများ တွင် Bill Gates, Barack Obama, Kim Kardashian, Kanye West, Mike Bloomberg, Elon Musk, Joe Biden, Jeff Bezos နဲ့ အခြားသောနာမည်ကျော်ကြားသူများပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ညက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သူတို့ဟာအခြားသောကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple နဲ့ Uber ကဲ့သို့သောကုမ္ပဏီကြီးများကိုလည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး 2-step verification ခံထားတဲ့အကောင့်များပါ ပါသွားခဲ့ပါတယ်။
Hacker များဟာ profile များအားလုံးတွင် လူများကို သူတို့ထံ Bitcoin များပေးပို့ရန်ပြောဆိုထား သည့် tweet များကိုတင်ခဲ့ပြီး သူတို့အနေနဲ့ပေးပို့လိုက်တဲ့ပမာဏရဲ့ နှစ်ဆကိုပြန်လည်ပေးပို့သွားမှာ ဖြစ်တယ်လို့ ကတိပေးခဲ့ကြပါတယ်။
Twitter ကတော့ အထက်ပါ အခြေအနေဖြစ်ပွားခဲ့ပြီး ၂ နာရီမတိုင်ခင်အထိ verfied ပြုလုပ်ထားတဲ့ အကောင့်များအားလုံးကို tweet ပြုလုပ်ခြင်းမှဟန့်တားရန် တုန့်ပြန်မှုတစ်စုံတစ်ရာကိုမှ ပြုလုပ်ခြင်း မရှိခဲ့ပါဘူး။
ဒီကုမ္ပဏီဟာ ထို့နောက်တွင်မှ hacker များဟာ သူတို့ရဲ့ဝန်ထမ်းတစ်ဦးရဲ့အကူအညီကိုရရှိခဲ့ပြီး ထိုသူ ကြောင့် တိုက်ခိုက်သူများဟာ internal tool များသို့ access ရရှိသွားခဲ့ပြီး အကောင့်များအားလုံးကို ထိန်းချုပ်နိုင်သွားခြင်းဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။
၎င်းကို အရေးကြီးတဲ့သတင်းအချက်အလက်များကိုတင်ပေးနေတဲ့ ထင်ပေါ်ကျော်ကြားသော နိုင်ငံရေးသမားများနဲ့ အဖွဲ့အစည်းများမှအသုံးပြုနေတဲ့အတွက် ဒီအဖြစ်အပျက်ဟာ အဆိုပါလူမှု ကွန်ယက်ရဲ့ ယုံကြည်စိတ်ချရမှုကို အနာဂါတ်တွင် သိသိသာသာကို ထိခိုက်မှုရှိသွားစေနိုင်ပါတယ်။ နောက်ပြီး ဒီအရာက အနာဂါတ်တွင်ဘယ်အရာတွေကိုလွဲမှားစွာအသုံးချလာနိုင်သလဲဆိုတာကိုလဲ မီးမောင်းထိုးပြလျှက်ရှိနေပါတော့တယ်။
(Unicode)
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။