Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Google ရဲ့ဝန်ထမ်းများဟာ စုစုပေါင်း ၁နှစ်ခွဲခန့်အထိ အိမ်တွင်နေရမှာဖြစ်ပါတယ်။
Alphabet ရဲ့ CEO ဖြစ်သူ Sundar Pichai က အိမ်မှတဆင့်အလုပ်လုပ်ဖို့ကို ၂၀၂၁ ခုနှစ် နွေရာသီ မတိုင်မှီအထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ Google ရဲ့ဝန်ထမ်းများဟာ မတ်လအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက ရုံးတက်ရန်မလိုအပ်တော့တာဖြစ်ပါတယ်။ ယခင် က သူတို့ဟာနောက်နှစ်အစပိုင်းတွင်အလုပ်ပြန်လည်တက်ရမှာဖြစ်သော်လည်း ယခုအခါတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လမတိုင်မှီအထိ သူတို့ဟာ အိမ်မှတဆင့် အလုပ်လုပ်ရတော့မှာဖြစ်ပါတယ်။
The Wall Street Journal ရဲ့ သတင်းများအရ Alphabet ရဲ့ CEO, Sundar Pichai ဟာ သူတို့ရဲ့ သားသမီးများကို လာမည့်ပညာသင်နှစ်အတွက် အိမ်တွင်စာသင်ကြားမှုပြုလုပ်ပေးရန် စောင့်ဆိုင်း လျှက်ရှိနေတဲ့ ဝန်ထမ်းများကြောင့် ထိုသို့ အိမ်မှတဆင့်အလုပ်လုပ်ရမည့်ကာလကို တိုးမြှင့်သတ် မှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Google ဟာ သူတို့ကို ရေရှည်အတွက်ပြင်ဆင်စေလိုတာပဲဖြစ်ပါတယ်။
သို့သော်လည်း ဒီရွေးချယ်မှုဟာ သူတို့ရဲ့အလုပ်များကို ရုံးတက်စရာမလိုပဲ ပြုလုပ်နိုင်တဲ့ဝန်ထမ်းများ အနက်မှ မိမိတို့သဘောဆန္ဒအလျှောက် အိမ်မှတဆင့်အလုပ်လုပ်ဖို့ရွေးချယ်ခဲ့တဲ့သူများအတွက်သာ သက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။
အဆိုပါ ရုံးပြန်တက်ရမည့်နေ့ကို ရွှေ့ဆိုင်းလိုက်ခြင်းဟာ အမေရိကန်၊ ယူကေနှင့် အိန္ဒိယကဲ့သို့သော ကြီးမားသည့်ရုံးခွဲများအပေါ်တွင်သာ သက်ရောက်မှုရှိစေမှာဖြစ်ပြီး၊ လက်ရှိအချိန်တွင်တော့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကူးစက်မှုနည်းပါးသည့်နေရာများ (ဥပမာ - ဩစတေးလျ (သို့) ဂရိ) ရှိရုံးခန်းများကို သာ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
(Unicode)
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။