Google will invest $1 billion to lift Africa’s internet access

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.10.2021 | Africa တိုက် ရဲ့ အင်တာနက် access ကို အဆင့်မြှင့်တင်မှုများပြုလုပ်နိုင်ရန် Google မှ ကန်ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာ

Google မှ လာမည့် ၅ နှစ်တာကာလအတွင်း အာဖရိကတိုက်အတွင်း ပိုမိုမြန်ဆန်ပြီး ဈေးနှုန်းချိုသာတဲ့ အင်တာနက် access ကိုရရှိနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းလုပ်လိုသူများကို အထောက်အကူပြုနိုင်ရန် ကန်ဒေါ်လာ ၁ ဘီလျံကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမှာဖြစ်တယ်လို့ Google က အောက်တိုဘာလ ၆ ရက်နေ့တွင် ကြေငြာချက်ပြုလုပ်ခဲ့ပါတယ်။

အာဖရိကတိုက်တွင်နေထိုင်လျှက်ရှိနေတဲ့ လူပေါင်း ၁.၃ ဘီလျံအနက်မှ ၃ ပုံ ၁ ပုံထက်လျော့နည်းသော ပမာဏကသာ လက်ရှိတွင် အင်တာနက်အသုံးပြု၍ရနေတာဖြစ်ပြီး အင်တာနက်လိုင်းများ တည်ငြိမ်မှုမရှိသေးတဲ့ ပြဿနာလည်းရှိနေပြန်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်တစ်ခုကဆိုထားခဲ့ပါတယ်။

သို့သော်လည်း တိုက်ကြီးတစ်ခုလုံးအနေနဲ့ ခြုံငုံ၍ကြည့်လိုက်မည်ဆိုပါက အာဖရိကတိုက်တွင် နေထိုင်လျှက်ရှိနေသော လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ ၁၈ နှစ်အောက်လူငယ်များဖြစ်နေတဲ့အတွက် ဒါဟာ အလားအလာကောင်းတဲ့ဈေးကွက်တစ်ခုဖြစ်နေပြီး Google နဲ့ Alphabet တို့ရဲ့ အကြီးအမှူးဖြစ်သူ Sundar Pichai ရဲ့ ကတော့ - “အာဖရိကတွင် နေထိုင်လျှက်ရှိနေသူတိုင်းအတွက် အင်တာနက်ကို အလွယ်တကူ အသုံးပြု၍ရနိုင်စေရန်၊ ဈေးနှုန်းချိုသာမှုရှိစေရန်နှင့် အသုံးဝင်မှုရှိစေရန် လွန်ခဲ့တဲ့နှစ်များစွာကတည်းက များစွာလုပ်ဆောင်ပေးခဲ့ဖူးသော်လည်း လိုအပ်တဲ့အချက်များကို ထပ်မံဖြည့်တင်းပေးသွားဖို့ရှိပါတယ်” ဟူ၍ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။