Google was illegally spying on workers, discouraging worker organizations and retaliation

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.12.2020 | Google ဟာ ဝန်ထမ်းများအပေါ် တရားမဝင်စောင့်ကြည့်မှုများပြုလုပ်လျှက်ရှိပြီး အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းများနဲ့ တုန့်ပြန်မှုများပြုလုပ်ခြင်းကို ဖိနှိပ်လျှက်ရှိ

CNBC မှ သတင်းတစ်ပုဒ်အရ - အမေရိကန်ပြည်ထောင်စု အလုပ်သမားရေးရာဌာနမှ Google နဲ့ သူတို့ရဲ့ ပင်ရင်းကုမ္ပဏီဖြစ်သော Alphabet တို့ကို အလုပ်သမားရေးရာဥပဒေများကို ချိုးဖောက်မှုပြုလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုမှုပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော စွဲဆိုချက်အရ - Google ဟာ ဝန်ထမ်းများအနေနဲ့ တရားဥပဒေအရ အကာအကွယ်ပေးထားသော အလုပ်သမားများ၏လုပ်ပိုင်ခွင့်တစ်ရပ်ဖြစ်တဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအဖွဲ့အစည်းများ တည်ဆောက်နိုင်ရေး လုပ်ပိုင်ခွင့်များကို လုပ်ဆောင်ရာတွင် “ဝင်ရောက်စွက်ဖက်ခြင်း၊ တားဆီးခြင်းနဲ့၊ ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်းတို့အား လုပ်ဆောင်လျှက်ရှိနေတယ်ဟူ၍ တင်ပြလာခဲ့ပါတယ်။

အမေရိကန်အလုပ်သမားရေးရာဌာနမှ တင်ပြလာသော စာရွက်စာတမ်းများအရ Google ကို ဝန်ထမ်းများအား စောင့်ကြည့်ခြင်း၊ အလုပ်သမားအဖွဲ့အစည်းများ တည်ဆောက်ရန်ပြုလုပ်သော ဝန်ထမ်းများအား အလုပ်မှထုတ်ပယ်ခြင်းတို့အပြင် ဝန်ထမ်းများအနေနဲ့ လုပ်ငန်းခွင်အတွင်းရှိ မကျေနပ်ချက်များနဲ့ အချက်အလက်များကို တစ်ဦးမှ တစ်ဦးသို့ ဘုံသုံးပစ္စည်းများဖြစ်တဲ့ ပြက္ခဒိန်များ၊ e-mail များ၊ Meeting Room များနဲ့ Internal Communication Tool တစ်ခုဖြစ်သော MemeGen တို့ကိုအသုံးပြု၍ မျှဝေပြောကြားခြင်းအား တားဆီးမှုပြုခြင်းတို့ကို ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါတယ်။

ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး တုန့်ပြန်ခဲ့ရာမှာတော့ - “ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ဝန်ထမ်းများရဲ့ လုပ်ပိုင်ခွင့်များကို အပြည့်အဝထောက်ပံ့ပေးထားပြီး ပွင့်လင်းသော ဆွေးနွေးမှုများ၊ လေးစားမှုရှိစွာ ပြန်လည်ချေပပြောဆိုခြင်းများကို အားပေးခြင်းဟာ Google ရဲ့ အစဉ်အလာများထဲကမှ အစိတ်အပိုင်းတစ်ရပ်ပဲဖြစ်ပါတယ်။” ဒီအစဉ်အလာရှိနေခြင်းကို ကျွန်ုပ်တို့က ဂုဏ်ယူတန်ဖိုးထားပြီး ဒီအချက်ကိုအခွင့်ကောင်းယူပြီး ကျွန်ုပ်တို့ရဲ့ လုံခြုံရေးပေါ်လစီများနဲ့ Internal system များကို အခွင့်ကောင်းယူ၍ အသုံးချနိုင်ခြေရှိနေသူတွေရဲ့လက်ထဲကနေ ကာကွယ်သွားဖို့အတွက်ကိုလည်း ဆုံးဖြတ်ထားပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။