Google voice assistant will now work over 30+ apps on Google Play!

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.10.2020 | Google ရဲ့ voice assistant ဟာ Google Play ပေါ်ရှိ app ပေါင်း ၃၀ ကျော်ခန့်ကို အသံဖြင့်ထိန်းချုပ်နိုင်တော့မည်

Forbes မဂ္ဂဇင်းရဲ့အဆိုအရ Google ဟာ Google Assistant ကို third-party app များတွင် အသုံးပြုလာနိုင်မှာဖြစ်ကြောင်းကြေငြာသွားခဲ့ပါတယ်။ ဒီအတွက် Android ဖုန်းအသုံးပြုသူများအနေနဲံ သူတို့ရဲ့ Google Assistant ကို အသုံးပြုပြီး third-party app များကို ထိန်းချုပ်သွားနိုင်တော့မှာပဲဖြစ်ပါတယ်။ 

Google က သူတို့ရဲ့ Google Assistant ကို app များရှာဖွေဖို့၊ လူသုံးများတဲ့ လုပ်ဆောင်ချက်များဖြစ်ကြတဲ့ message ပေးပို့မှု၊ Twitter နဲ့ Facebook အသုံးပြုမှု၊ အစရှိတဲ့လုပ်ဆောင်ချက်များကို အသံဖြင့်ခိုင်းစေနိုင်ဖို့အတွက် ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ပါတယ်။ 

ယခင်က Google Assistant ရဲ့ third-party support ဟာ Google Assistant အတွင်းတွင် ရှိနေတဲ့ app များကိုသာ support ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်သော်လည်း ယခုအခါတွင်တော့ သင့်ဖုန်းပေါ်တွင် install ပြုလုပ်ထားတဲ့ app များနဲ့ပါ တွဲဖက်၍ အလုပ်လုပ်နိုင်တော့မှာဖြစ်ပြီး voice command များကို Google Play ရဲ့ ထိပ်ဆုံးတွင်ရှိနေတဲ့ app ပေါင်း ၃၀ ကျော်ခန့်တွင် အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Forbes ရဲ့အဆိုအရ Google က ပြောကြားသွားခဲ့တာကတော့ “လူတွေဟာ သူတို့ရဲ့ app များကို သာမန်ဖွင့်ပြီးအသုံးပြုခြင်း၊ ရှာဖွေခြင်းတို့ကို လုပ်ဆောင်တတ်ကြပြီး ကျွန်ုပ်တို့အနေနဲ့လည်း ဒီ လုပ်ရိုးလုပ်စဉ် လုပ်ဆောင်ချက်များကို voice command များနဲ့ ခိုင်းစေနိုင်ဖို့ရာအတွက် လုပ်ဆောင်ပေးလိုပါတယ်။ အခုအခါမှာတော့ သင်တို့အနေနဲ့ သီချင်းဖွင့်ခြင်း၊ social media ပေါ်တွင် ပို့စ်တင်ခြင်း၊ အစားအစာများမှာယူခြင်း၊ အစရှိသည်တို့ကို သင့်ရဲ့အသံနဲ့ ခိုင်းစေနိုင်ပြီဖြစ်ပါတယ်။ ဒီနေ့မှစတင်၍ သင့်ရဲ့အသံကို အသုံးပြုပြီး Google Play ပေါ်ရှိ app ပေါင်း ၃၀ ကျော်ခန့်တွင် အင်္ဂလိပ်ဘာသာကို အသုံးပြု၍ ထိုသို့ပြုလုပ်နိုင်ပြီဖြစ်ပြီး နောက်ထပ် app များကိုလည်း ထပ်မံ၍ ထည့်သွင်းသွားဦးမှာဖြစ်တယ်” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။