Google updates their Maps to show how bad COVID-19 is in your area

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.10.2020 | Google က သင်တို့အနီးအနားနေရာများရှိ COVID-19 ရောဂါပြန့်ပွားမှုများကို ပြသနိုင်ရန်အတွက် Google Maps ကို update ပြုလုပ်ခဲ့ 

ဒီအပတ်ကစ၍ Google Maps app ဟာ လူ ၁၀၀၀၀၀ တိုင်းတွင် COVID-19 ရောဂါပြန့်ပွားမှုအခြေအနေများ ကို ၇ရက်စာ ပျမ်းမျှထုတ်ပြန်ချက်အနေနဲ့ ပြသပေးနိုင်တော့မှာဖြစ်ပါတယ်။ ရွေးချယ်လိုက်တဲ့နေရာတွေမှာ ရောဂါပြန့်ပွားမှုတွေ တိုးပွားလာသလား၊ ဆုတ်ယုတ်လာသလားဆိုတာကိုလဲ အရောင် ၆မျိုးနဲ့ ခွဲခြားပြသပေး သွားမှာဖြစ်ပြီး ရောဂါပြန့်ပွားမှုတွေ ဘယ်လောက်ဖြစ်ပွားနေသလဲဆိုတာကို သိရှိနိုင်တော့မှာပဲဖြစ်ပါတယ်။ 

Blog post တစ်ခုတွင် Google က ဒီ tool ဟာ “နေရာဒေသတစ်ခုချင်းစီအတွက် COVID-19 အကြောင်း အရေးပါတဲ့ သတင်းအချက်အလက်တွေကို ပြသပေးသွားနိုင်မှာဖြစ်ပြီး သင့်အနေနဲ့ ဘယ်သွားရမယ်၊ ဘာတွေ လုပ်ရမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးဆုံးဖြတ်နိုင်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။” ဟူ၍ ပြောဆိုခဲ့ပါတယ်။ 

Google ဟာ Johns Hopkins University, New York Times နဲ့ Wikipedia ဆိုတဲ့ အရင်းအမြစ် ၃ ခုခန့်ထံမှ ဒီ အချက်အလက်များကို ဆွဲယူရရှိနေတာဖြစ်ပြီး ထိုအရင်းအမြစ်များကလဲ သူတို့ရဲ့အချက်အလက်များကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးနဲ့ အခြားသော ပုဂ္ဂလိကပိုင်/ အစိုးရပိုင် ကျန်းမာရေးအဖွဲ့များကနေရရှိနေတာဖြစ်ပြီး ဒီသတင်းအချက်အလက်ကို Google Maps အသုံးပြုနိုင်တဲ့ နိုင်ငံပေါင်း ၂၂၀ ခန့်တွင် ရရှိနိုင်နေမှာပဲဖြစ်ပါတယ်။ 

အဆိုပါလုပ်ဆောင်ချက်ဟာ မကြာမှီတွင် iOS နဲ့ Android Google Maps ဗားရှင်းများတွင် ရရှိလာနိုင်မှာဖြစ်ပြီး ထိုလုပ်ဆောင်ချက်ကို ကြည့်ရှုရန်အတွက် app ကိုဖွင့်ပြီးနောက် ညာဘက်အပေါ်ထောင့်တွင်ရှိသော layers button (လေးထောင့်ပုံ ၂ခုထပ်နေသည့် ခလုတ်) ကိုနှိပ်ပြီးနောက် “COVID-19 info” ဟူသည့် ခလုပ်ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။ ထိုသို့ပြုလုပ်လိုက်ပါက သင့်အနေနဲ့ အရောင်များနဲ့ သတ်မှတ်ဖော်ပြထားတဲ့ COVID-19 ပြန့်ပွားမှုအခြေအနေပြ မြေပုံကို တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။