Google to pay $118 million to settle gender discrimination lawsuit

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.6.2022 | လိင်ခွဲခြားမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံရမှုကြောင့် Google မှ ကန်ဒေါ်လာ ၁၁၈ သန်း ပေးလျော်ရဖွယ်ရှိ 

Google ဟာ အမျိုးသမီး ၁၅,၅၀၀ ခန့်ပါဝင်ပတ်သက်နေသည့် class-action gender discrimination lawsuit တစ်ခုကို ဖြေရှင်းရန်အတွက် ကန်ဒေါ်လာ ၁၁၈ သန်းပေးလျော်ရန် အမိန့်ချမှတ်ခံခဲ့ရကြောင်း Bloomberg မှ သတင်းများအရ သိရှိရပါတယ်။ အဆိုပါအမိန့်ချမှတ်မှု သတင်းများအရ Google ဟာ သီးခြားအလုပ်သမားရေးရာ စီးပွားရေးကျွမ်းကျင်သူတစ်ဦးမှ ၎င်းတို့ရဲ့ ဝန်ထမ်းခေါ်ယူဌားရမ်းမှုလုပ်ငန်းစဉ်များကို ပြန်လည်အကဲဖြတ်နိုင်ဖို့ ခွင့်ပြုပေးရမှာဖြစ်ပြီး သာတူညီမျှမှုရှိစေရေး လေ့လာမှုများအတွက် ငွေကြေးထောက်ပံ့မှုပြုသွားရမှာလည်းဖြစ်ပါတယ်။ 

အဆိုပါတရားစွဲမှုဟာ ၂၀၁၇ ခုနှစ်တွင် အမျိုးသမီး (၃) ဦးမှ Google ဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ညီမျှစွာလစာရရှိရေးဥပဒေကိုချိုးဖောက်၍ အမျိုးသမီးအလုပ်သမားများကို လစာလျှော့ပေးနေပြီး လစာငွေကွာဟမှုမှာ ကန်ဒေါ်လာ ၁၇,၀၀၀ ခန့် ရှိနေကြောင်း တိုင်ကြားလာမှုမှစတင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါတိုင်ကြားမှုအရ Google ဟာ အမျိုးသမီးများကို ရာထူးတိုးပေးခြင်းများမရှိတဲ့အတွက် အမျိုးသားများနှင့် နှိုင်းစာလျှင် ပိုမိုနည်းပါးတဲ့ လစာငွေနဲ့ bonus များကိုသာရရှိနေခဲ့တယ်လို့ သိရှိရကာ ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ တိုင်ကြားသူများဘက်က အဆိုပါ class-action အမှုကို အနိုင်ရရှိခဲ့ပါတယ်။ 

Google ရဲ့ အလုပ်သမားများအပေါ်ဆက်ဆံပုံကို ဝေဖန်ခံရခြင်းဟာ တစ်ခါမကဖြစ်ပွားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း Google မှ အမျိုးသမီးအင်ဂျင်နီယာများကို လစာလျှော့ပေးပြီး အာရှတိုက်သား အလုပ်လျှောက်ထားသူများကို ခန့်အပ်ခြင်းမပြုလုပ်ခဲ့ကြောင်း တိုင်ကြားခဲ့တဲ့ အမှုကိုကြေအေးပေးရန်အတွက် ကန်ဒေါ်လာ ၂.၅ သန်း ပေးအပ်ဖို့ သဘောတူညီခဲ့ရပါတယ်။
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။