Google suspends engineer who claims its AI is sentient

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.6.2022 | ၎င်းတို့ရဲ့ AI ဟာ ကိုယ်ပိုင်အသိဉာဏ်ရှိလာပြီဟု ပြောကြားခဲ့သောအင်ဂျင်နီယာတစ်ဦးကို Google မှ တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ 

Google က ၎င်းတို့ရဲ့ အင်ဂျင်နီယာတစ်ဦးက AI chatbot စနစ်ဟာ “ကိုယ်ပိုင်အသိဉာဏ်” ရရှိလာခဲ့တယ်လို့ ထင်မြင်ယူဆခဲ့ပြီး ၎င်းတို့ရဲ့ လျှို့ဝှက်ချက်မပေါက်ကြားရေးပေါ်လစီများကို ချိုးဖောက်ခဲ့သည့်အတွက် အဆိုပါအင်ဂျင်နီယာကို “paid administrative leave” ဖြင့် ယာယီအနားယူခိုင်းခဲ့တယ်လို့ Washington Post မှ သတင်းတစ်ပုဒ်အရသိရှိရပါတယ်။ 

Google ရဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ Blake Lemoine ဟာ Google ရဲ့အောက်တွင်ရှိတဲ့ AI အဖွဲ့အစည်းတစ်ခုအတွက်အလုပ်လုပ်ပေးရသူတစ်ဦးဖြစ်ပြီး ၎င်းတို့ရဲ့ LaMDA model ဟာ ခွဲခြားဆက်ဆံသောစကားများ (သို့မဟုတ်) hate speech များကို generate ပြုလုပ်မှုရှိသလားဆိုသည်ကို စစ်ဆေးနေခဲ့တာဖြစ်ပါတယ်။ 

ထိုသူဟာ AI စနစ်မှ ၎င်းရဲ့ ရပိုင်ခွင့်များနဲ့ စက်ရုပ်များရဲ့ ကျင့်ဝတ်များကို generate ပြုလုပ်နေတာကို တွေ့ရှိခဲ့ရတဲ့အတွက် ဧပြီလအတွင်း ကုမ္ပဏီ executive များထံသို့ “Is LaMDA Sentient” ဆိုတဲ့ခေါင်းစဉ်ဖြင့် စာတမ်းတစ်ခုကိုပြုလုပ်၍တင်သွင်းခဲ့ပြီး ထိုအထဲတွင် ၎င်းနဲ့ AI တို့အကြားရှိ ပြောဆိုမှုများပါဝင်ခဲ့ပြီး သူ့ရဲ့ ပြောကြားချက်အရ AI က “သူ့ထံတွင် ခံစားချက်များ၊ စိတ်ခံစားမှုများနဲ့၊ စိတ်ပိုင်းဆိုင်ရာအတွေ့အကြုံများရှိနေတဲ့အတွက် သူဟာကိုယ်ပိုင်အသိဉာဏ်ရှိတယ်” ဟူ၍ ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။