Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Google နဲ့ တွဲဖက်စာချုပ်ချုပ်ဆိုပြီး အလုပ်လုပ်ကိုင်လျှက်ရှိတဲ့ Modis Engineering ဟုအမည်ရသော ဝန်ထမ်းခေါ်ယူရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Adecco ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ကုမ္ပဏီတစ်ခုတွင် ဝန်ထမ်းတစ်ဦးက လစာနဲ့ လုပ်ငန်းခွင်အခြေအနေများအကြောင်း သူတို့ရဲ့စိုးရိမ်ပူပန်မှုများကို တင်ပြခဲ့ရာမှာ တရားနည်းလမ်းကျမှု မရှိစွာ တုန့်ပြန်ခဲ့မှုကြောင့် အလုပ်သမားများဖက်မှ စွဲချက်တင်ခြင်းကိုခံခဲ့ရကြောင်း Businessinsider မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
အမေရိကန်နိုင်ငံ ဝန်ထမ်းများသမဂ္ဂ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သလို၊ Google မှ ဝန်ထမ်းများရဲ့ ကိုယ်စားလှယ်လည်းဖြစ်သော Alphabet ရဲ့ အလုပ်သမားများသမဂ္ဂ (Alphabet Workers Union) မှနေ၍ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ ဘုတ်အဖွဲ့သို့ အဆိုပါအဖြစ်အပျက်ကို တောင်ကာရိုလိုင်းနားပြည်နယ်ရှိ Modis ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်သူ Shannon Wait ရဲ့ကိုယ်စား ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တိုင်ကြားမှုပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် AWU မှ ပြောကြားခဲ့ရာမှာတော့ Google ရဲ့ကိုယ်စား data center များကို ထိန်းသိမ်းပေးရသော Modis ဟာ Wait မှ ကုမ္ပဏီရဲ့ လစာအကြောင်းပြောကြား၊ ဆွေးနွေးမှုတွေကို တားမြစ်ခြင်းအား စောဒကတက်ခဲ့ခြင်းအတွက် တရားနည်းလမ်းကျမှုမရှိစွာပဲ အလုပ်မှ ယာယီရပ်ဆိုင်းမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ Wait ဟာ ယခင်ကလည်း မန်နေဂျာများကို ဝန်ထမ်းများဘာကြောင့် bonus မရတာလဲ ဟူ၍ မေးမြန်းခဲ့ဖူးပါတယ်ဟု AWU ရဲ့ ပြောကြားချက်အရ သိရှိခဲ့ရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။