Google removed 29 apps from Play Store: due to excessive ads. 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.9.2020 | အလွန်အမင်းကြော်ငြာများထည့်သွင်းထားမှုကြောင့် Google က စုစုပေါင်း app ၂၉ ခုကို Play Store ပေါ်ကနေ ဖယ်ရှားခဲ့

Play Store ပေါ်ကနေ စုစုပေါင်း ၂၉ ခုသော app များကို Google က ဖယ်ရှားလိုက်ပါပြီ။ သင့်အနေနဲ့ ဒီ app တွေကို download လုပ်ထားမိရင် အမြန်ဆုံး သင့်ရဲ့ဖုန်းပေါ်ကနေ ဖယ်ရှားပစ် သင့်ပါတယ်။ 

ဒါဟာ Play Store ပေါ်မှာတင်ထားတဲ့ application တွေကို Google က နောက်တစ်ကြိမ် အကြီး အကျယ် ရှင်းလင်းရေးပြုလုပ်လိုက်တာပါပဲ။ 

သူတို့ဟာ အသုံးပြုသူများကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ app ပေါင်း ၂၉ ခုကို ဖယ်ရှားလိုက်ပါ တယ်။ ဒီတစ်ကြိမ်မှာတော့ application များကိုဖျက်ပြစ်ရာမှာ Google က စိတ်အနှောင့်အယှက် ဖြစ်စေပြီး ကြော်ငြာ (ads) တွေ လွန်မင်းစွာပါဝင်နေတဲ့ app များကို အဓိကပစ်မှတ်ထားပြီး ဖျက်ပြစ်ခဲ့ပါတယ်။ ဒီပြဿနာကို စုစုပေါင်း application 29 ခုတွင် တွေ့ရှိခဲ့ပါတယ်။ 

တစ်ချို့သော app များကတော့ spamming (အလွန်အမင်း ထပ်ခါတလဲလဲ ကြော်ငြာများပြသခြင်း) အပြင် အခြားနည်းလမ်းများနဲ့လဲ စည်းကမ်းများကိုချိုးဖောက်လျှက်ရှိနေပါတယ်။ ဥပမာအားဖြင့် Square Photo Blur ဟာဆိုရင် install ပြုလုပ်လိုက်ပြီးတာနဲ့ menu ပေါ်ကနေ ပျောက်သွားပြီး Play Store ပေါ်တွင်လည်း launch button ကို တွေ့မြင်ရတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီ app ဟာ သင့်ဖုန်းရဲ့ background မှာ အလုပ်လုပ်နေမှာဖြစ်ပြီး သင်မကြည့်ချင်တဲ့ (မလိုလားအပ် တဲ့) ကြော်ငြာများကို ပြသနေတော့မှာဖြစ်ပါတယ်။ 

အခြားပြဿနာရှိနေတဲ့ application အများစုဟာလည်း ဓါတ်ပုံရိုက်ရန်နဲ့ ဓါတ်ပုံများကိုတည်းဖြတ် ခြင်းပြုလုပ်နိုင်တဲ့ app များအနေနဲ့ထွက်ပေါ်လာပါတယ်။ Google က သူတို့ရဲ့ database ကနေ ဒီ app များကို ဖယ်ရှားလိုက်ပြီဖြစ်သော်လည်း သင့်ရဲ့ဖုန်းအထဲက ဒီ app များဟာ အလိုအလျှောက် ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ အကယ်၍ သင့်ဖုန်းထဲမှာ အောက်ပါစာရင်းထဲက tool (app) တစ်ခုခုကိုများသွင်းမိထားမယ်ဆိုရင်တော့ အမြန်ဆုံး uninstall သွားလုပ်လိုက်ပါ။ 

ပြဿနာရှိနေသော app များ - 

  1. Auto Picture Cut
  2. Color Call Flash
  3. Square Photo Blur v2.0.5
  4. Square Photo Blur v7.0
  5. Magic Call Flash
  6. Easy Blur
  7. Image Blur
  8. Auto Photo Blur
  9. Photo Blur
  10. Photo Blur Master
  11. Super Call Screen
  12. Square Blur Master
  13. The Square Blur
  14. Square Blur Photo
  15. Smart Photo Blur
  16. Super Call Flash
  17. Smart Call Flash
  18. Blur Photo Editor
  19. Blur Image
  20. Super Blur
  21. Square Image Blur
  22. Super Blur Photo
  23. Super Photo Blur
  24. Photo Blur Editor
  25. Pro Blur Photo
  26. Auto Photo Cut
  27. Smart Call Screen
  28. test.com.flash.call.flashcall.cool
  29. com.auto.photo.editor.background.eraser.tool

 

(Unicode)






ပွူနာရှိနသေော app မြား - 

  1. Auto Picture Cut
  2. Color Call Flash
  3. Square Photo Blur v2.0.5
  4. Square Photo Blur v7.0
  5. Magic Call Flash
  6. Easy Blur
  7. Image Blur
  8. Auto Photo Blur
  9. Photo Blur
  10. Photo Blur Master
  11. Super Call Screen
  12. Square Blur Master
  13. The Square Blur
  14. Square Blur Photo
  15. Smart Photo Blur
  16. Super Call Flash
  17. Smart Call Flash
  18. Blur Photo Editor
  19. Blur Image
  20. Super Blur
  21. Square Image Blur
  22. Super Blur Photo
  23. Super Photo Blur
  24. Photo Blur Editor
  25. Pro Blur Photo
  26. Auto Photo Cut
  27. Smart Call Screen
  28. test.com.flash.call.flashcall.cool
  29. com.auto.photo.editor.background.eraser.tool

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။