Google remove new apps containing Joker Malware

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.9.2020 | Google က Joker Malware ပါဝင်နေတဲ့ app အသစ်များကို ဖယ်ရှားခဲ့ 

Google ဟာ များစွာသော Joker malware အမျိုးအစားများနဲ့တိုက်ပွဲဝင်နေရတာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ ဒီအရာဟာ Google Play store မှတဆင့် Android device များထံသို့ ဖြန့်ချီလျှက်ရှိနေတဲ့ လျှို့ဝှက်ဖုံးကွယ်ထားတဲ့ malware တစ်ခုပဲဖြစ်ပါတယ်။ 

အများအားဖြင့် - သေးငယ်သော software အပိုင်းအစတစ်ခုကို app တစ်ခုခုရဲ့အစိတ်အပိုင်းအတွင်း ဖုံးကွယ်ထည့်သွင်းထားတာဖြစ်ပြီး အသုံးပြုသူကထို app ကို run လိုက်တဲ့အခါမှာ - အသုံးပြုသူရဲ့အချက်အလက်၊ တယ်လီဖုန်းကွန်ယက်နဲ့ device တို့က သတ်မှတ်ထားတဲ့အချက်အလက်များကို ပြည့်မှီမှုရှိနေပါက အဆိုပါ Joker software ရဲ့ အခြားအစိတ်အပိုင်းတစ်ခုက အသက်ဝင်လာမှာဖြစ်ပြီး ပိုမိုဆိုးရွားမှုရှိစေမယ့်အရာများ ကို နောက်ကွယ်ကနေ download ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီလို download ပြုလုပ်ပြီး တာနဲ့ Joker က device ရဲ့ background တွင် ပုန်းခိုနေမှာဖြစ်ပြီး အသုံးပြုသူများကို စောင့်ကြည့်နေမှာဖြစ်ကာ device ပေါ်တွင် သိမ်းဆည်းထားတဲ့ အသုံးပြုသူတို့ရဲ့ contact list များ၊ SMS message များနဲ့ အခြားသော ကိုယ်ရေးအချက်အလက်များကို ခိုးယူနေမှာပဲ ဖြစ်ပါတယ်။ ထို့အပြင် Joker က အသုံးပြုသူဟန်ဆောင်ပြီး premium advertising နဲ့ subscription-based ဝန်ဆောင်မှုများကိုဝယ်ယူခြင်း၊ သူတို့ရဲ့ SMS နဲ့ အခြားကိုယ်ရေးအချက်အလက်များကို ဝင်ရောက်အသုံးချနိုင်စွမ်းကို အသုံးပြုပြီး လူများကို အခကြေးငွေပေးရတဲ့ဝန်ဆောင်မှုများသို့လည်း တိတ်တဆိတ်ချိတ်ဆက်ဝယ်ယူမိ နေစေဖို့အတွက် လုပ်ဆောင်နိုင်ပါသေးတယ်။ 

ရက်အနည်းငယ်အကြာက cloud security ကုမ္ပဏီတစ်ခုဖြစ်တဲ့ Zscaler ရဲ့ Threatlabz team က သုတေသီများက Joker malware ကို သယ်ဆောင်ထားတဲ့ app အသစ် ၁၇ ခု ကို ဖော်ထုတ်တွေ့ရှိနိုင်ခဲ့ပြီးနောက် Google က သူတို့ရဲ့ Play Store ပေါ်ကနေ အဆိုပါ app များကို ဖယ်ရှားပစ်ခဲ့ပါတယ်။ အဆိုပါ app များကတော့ - 

  1. All Good PDF Scanner
  2. Mint Leaf Message-Your Private Message
  3. Unique Keyboard - Fancy Fonts & Free Emoticons
  4. Tangram App Lock
  5. Direct Messenger
  6. Private SMS
  7. One Sentence Translator - Multifunctional Translator
  8. Style Photo Collage
  9. Meticulous Scanner
  10. Desire Translate
  11. Talent Photo Editor - Blur focus
  12. Care Message
  13. Part Message
  14. Paper Doc Scanner
  15. Blue Scanner
  16. Hummingbird PDF Converter - Photo to PDF
  17. All Good PDF Scanner တို့ဖြစ်ကြပါတယ်။ 

 

အကယ်၍ ဒီ app တွေကို သင့်ရဲ့ဖုန်းပေါ်မှာ သွင်းထားမိပြီးသားဖြစ်နေရင်တော့ သင့်အနေနဲ့ ထို app များကို ချက်ခြင်းဖယ်ရှားပစ်သင့်ပြီး anti-malware app ကိုအသုံးပြုကာ သင့်ရဲ့ device ကို scan ပြုလုပ်ကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။