Google plans to put an iOS-style anti-tracking feature for Android

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.2.2021 | Google မှ Android device များအတွက် iOS ကဲ့သို့ anti-tracking feature တစ်ခုကို ထည့်သွင်းရန်စီစဉ်လျှက်ရှိ 

Apple မှ အသစ်ထည့်သွင်းပေးလိုက်သော anti-tracking feature အသစ်ဟာ အင်တာနက်ပေါ်မှ advertising ပြုလုပ်သောလုပ်ငန်းများအတွက် ခေါင်းခဲစရာဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက Google မှလည်း Apple ကဲ့သို့လုပ်ဆောင်ချက်များကို ထည့်သွင်းသွားရန်ရှိကြောင်း သူတို့နဲ့ လုပ်ငန်းလက်တွဲဖော်ကုမ္ပဏီများကို အကြောင်းကြားခဲ့ပါသေးတယ်။ 

Facebook ကတော့ Apple ရဲ့ anti-tracking initiative များကို အပြင်းအထန်ကန့်ကွက်ဆန့်ကျင်လျှက်ရှိနေပြီး ဒီအရာက တရားဝင်တဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ချေပနေခဲ့ပါတယ်။ Bloomberg မှ ရေးသားထားခဲ့သော သတင်းတစ်ပုဒ်တွင်တော့ “Google ဟာ ဒေတာများကိုစုဆောင်းခြင်းနဲ့ cross-app tracking များကို Android operating system အပေါ်တွင် Apple ရဲ့ solution ကဲ့သို့အဆင့်တွေသိပ်မများပဲ မည်သို့ကန့်သတ်မှုများပြုလုပ်နိုင်မည်ကို ဆွေးနွေးလျှက်ရှိကြောင်း” သိရှိခဲ့ရပါတယ်။ 

Google ရဲ့ အစီအစဉ်များအရ Chrome browser ပေါ်တွင် “Privacy Sandbox” ဟုခေါ်တွင်သောအရာတစ်ခုကို တည်ဆောက်သွားရန်ရှိပြီး ထိုအရာက third-party cookie များကို ရှင်းလင်းဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ဒီအရာများဟာ advertiser များက အသုံးပြုသူများကို အင်တာနက်တစ်ခွင်တွင် tracking ပြုလုပ်နိုင်သောအရာတစ်ခုလည်းဖြစ်နေပြီး Chrome ကတော့ အဆိုပါ tracking cookie များကို machine learning ကိုအသုံးပြုထားတဲ့ soluition တစ်ခုဖြင့် user များကို များစွာသော ad interest category များခွဲကာစုစည်းပေးသွားမှာဖြစ်ပြီး တစ်ဦးတစ်ယောက်ခြင်းစီတိုင်းကို tracking ပြုလုပ်ပြီး web history အသေးစိတ်အချက်အလက်များရယူနိုင်ဖို့ကို ခွင့်ပြုပေးသွားတော့မှာမဟုတ်ကြောင်း သိရှိခဲ့ရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။