Google plans to add a new feature which enable users to add the missing roads on Google Maps

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.3.2021 | Google မှ Google Map ပေါ်တွင် မပါသော လမ်းမများကို User များမှ ထည့်သွင်းနိုင်မည့် လုပ်ဆောင်ချက်အသစ်တစ်ခုအား ထုတ်လွှင့်ရန် စီစဉ်နေ

Google မှ Google Map ပေါ်တွင် မပါသော လမ်းမများကို User များမှ ထည့်သွင်းနိုင်မည့် လုပ်ဆောင်ချက်အသစ်တစ်ခုအား ထုတ်လွှင့်နိုင်ရန်အတွက် အစီအစဉ်များရေးဆွဲလျှက်ရှိနေပြီး သူတို့ရဲ့ဝန်ဆောင်မှု အပြည့်အဝမရရှိနိုင်တဲ့ အချို့သော ဧရိယာများတွင်နှင့် Google ရဲ့ ဒေတာအချက်အလက်များ အပြည့်အဝမရရှိနိုင်တဲ့နေရာများတွင် ဝန်ဆောင်မှုများပိုမိုကောင်းမွန်စေရန်အတွက် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ 

အဆိုပါလုပ်ဆောင်ချက်ကို လက်ရှိ Google Maps ရဲ့ desktop web version များတွင်သာ ရရှိနိုင်ဦးမှာဖြစ်ပြီး mobile ဖုန်းများတွင်တော့ အသုံးပြု၍ရနိုင်ဦးမှာ မဟုတ်ပါဘူး။ ထိုအရာကို ပထမဦးဆုံးအနေနဲ့ အနည်းဆုံး နိုင်ငံပေါင်း ၈၀ ကျော်ခန့်တွင် ရရှိနိုင်အောင် စီစဉ်နေပြီး ပေးပို့လာတဲ့ မြေပုံပြောင်းလဲရန် အကြံပြုချက်များကို Google မှ စစ်ဆေးပြီးနောက်တွင်မှ အခြားသောအသုံးပြုသူများ တွေ့မြင်နိုင်စေရန်အတွက် publish ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းကိုလည်း Google မှ ပြောကြားခဲ့ပါတယ်။ 

Google မှ ယခုကဲ့သို့ user များအနေနဲ့ မြေပုံများကို edit ပြုလုပ်၍ပြင်ဆင်နိုင်ရန် ပြုလုပ်ပေးခဲ့တာဟာ ယခုအကြိမ်က  ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ယခင်ကလည်း Map Maker ဟု ခေါ်တွင်တဲ့ Tool တစ်ခုကို ထုတ်လွှင့်ပေးခဲ့ဖူးပြီး မြေပုံများအတွက်သီးသန့် Wikipedia ကဲ့သို့သော community တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ သို့သော်လည်း အဆိုပါ tool ကိုအသုံးပြုကြရာတွင် စည်းကမ်းကြပ်မတ်မှုမပြုလုပ်နိုင်တော့တဲ့အတွက် အဆုံးသတ်တွင် ၂၀၁၇ ခုနှစ်အတွင်း အဆိုပါ tool ကို Google မှ ပိတ်သိမ်းခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။