Google Photos and Google Maps users will soon see two new changes.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.12.2020 | Google Photos နဲ့ Google Maps ကို အသုံးပြုနေသူများအနေနဲ့ မကြာမှီ အသုံးဝင်သော ပြောင်းလဲမှုအသစ် ၂ ခုကို တွေ့မြင်လာရနိုင်ဖွယ်ရှိနေ

Google ဟာ အသုံးဝင်သော ပြောင်းလဲမှုအချို့ကို Google Photos နဲ့ Google Maps တို့အတွက် မကြာမှှီတွင် Update ထုတ်လွှင့်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ Google Photos မှ live wallpaper များကို Android Device များပေါ်သို့ ဆောင်ကြဉ်းပေးလာတော့မှာဖြစ်ပြီး အဆိုပါလုပ်ဆောင်ချက်ကို activate ပြုလုပ်လိုက်တာနဲ့ Google Photos Library အတွင်း သင်သိမ်းဆည်းထားသော ဓါတ်ပုံများအား သင့်ဖုန်းပေါ်ရှိ wallpaper များအဖြစ် random ပြောင်းလဲပေးနေမှာဖြစ်ပါတယ်။

Google Map တွင်တော့ အသုံးပြုသူများအနေနဲ့ သွားရောက်ခဲ့ဖူးသော နေရာများရဲ့ ဓါတ်ပုံနဲ့ live လွှင့်မှုများကို ဖုန်းများပေါ်ကတဆင့် တိုက်ရိုက် upload ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး သင့်ရဲ့နေရာဟာ Google Map ထဲတွင် ပါဝင်ခြင်းမရှိသေးပါက ဓါတ်ပုံရိုက်ကာ upload ပြုလုပ်ပေးလိုက်ရုံဖြင့် Google မှ အဆိုပါနေရာနဲ့ သက်ဆိုင်သော ဓါတ်ပုံများကို အလိုအလျှောက်စုစည်းကာဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ယခုအခါတွင် အဆိုပါ Connected Photos Beta Feature ကို Toronto, Canada, New York, Austin, Indonesia, Nigeria, နဲ့ Costa Rica တို့ရှိ Street View ကို အသုံးပြုနေသော ARCore-compatible Android device များကို ပိုင်ဆိုင်ထားတဲ့သူများအနေနဲ့ စတင်အသုံးပြုနိုင်မှာဖြစ်ကြောင်းကို Google မှ အတည်ပြုပြောကြားချက် တစ်ရပ်အရ သိရှိရပါတယ်။ မကြာခင်လည်း ကျန်ရှိနေသေးသော နေရာများတွင် အဆိုပါလုပ်ဆောင်ချက်ကို အသုံးပြု၍ ရလာမှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။