Google offers a massive 2Gbps plan with only 100$ a month!

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.9.2020 | Google က 2Gbps အင်တာနက် plan ကို အမေရိကန်ဒေါ်လာ ၁၀၀တည်းနဲ့ offer ပြုလုပ်ပေးမည်။ 

Google Fiber က 2Gbps service ကို တစ်လလျှင် ဒေါ်လာ ၁၀၀ဖြင့် offer ပြုလုပ်ပေးသွားမှာဖြစ်ပြီး အဆိုပါ package တွင် Wi-Fi 6 router တစ်ခုနဲ့ mesh extender တစ်ခုတို့ပါ ပါဝင်လာမှာဖြစ်ကြောင်း Alphabet ကပိုင်ဆိုင်ထားတဲ့ ISP တစ်ခုထံမှ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ချက်တစ်ရပ်အရ သိရှိခဲ့ရပါတယ်။ 

Google ရဲ့ FTTH service ဟာ လူတွေမျှော်လင့်ထားသလောက် အောင်မြင်မှုမရရှိခဲ့ပေမယ့် သူတို့အင်တာနက် broadband ကိုရရှိနိုင်တဲ့ မြို့များတွင် သူတို့ဟာ တိုးချဲ့ပြင်ဆင်မှုများကိုပြုလုပ်လျှက်ရှိနေပါတယ်။ ဒီ offer အသစ်တွင် သူတို့ရဲ့ standard 1Gbps ဝန်ဆောင်မှုထက် download speed ၂ဆခန့်ရရှိနိုင်မှာဖြစ်ပြီး ဒေါ်လာ ၃၀ခန့် ပိုမိုကျသင့်မှာပဲဖြစ်ပါတယ်။ ဒီ offer အသစ်တွင်တော့ download အတွက် 2Gbps ရရှိနိုင်မှာဖြစ်ပေမယ့် upload များအတွက်ကိုတော့ 1Gbps သာရရှိမှာဖြစ်ပါတယ်။ 

ဒီ plan ကို Google Fiber ရဲ့ Trusted Tester program ကနေတဆင့် လာမည့်လအတွင်း သုံးစွဲသူဖောက်သည်အချို့အတွက် ဝယ်ယူရရှိနိုင်တော့မှာပဲဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။