Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Google ဟာ ၎င်းရဲ့ built-in password manager ကို Chrome နှင့် Android ဖုန်းများအတွက် Update ပြုလုပ်လျှက်ရှိနေပြီး 1Password နဲ့ Bitwarden တို့ရဲ့ standalone ဝန်ဆောင်မှုများကဲ့သို့သော ဝန်ဆောင်မှုပုံစံကို အသုံးပြု၍ရစေရန် ကြိုးပမ်းလျှက်ရှိနေတယ်လို့ ကုမ္ပဏီက ဇွန်လ ၃၀ ရက်နေ့တွင် ကြေငြာသွားခဲ့ပါတယ်။
ထိုအထဲတွင် သိသာထင်ရှားစွာအသုံးဝင်လာမယ့်လုပ်ဆောင်ချက်ကတော့ password manager ထဲတွင် password များကို အသုံးပြုသူကိုယ်တိုင်ထည့်သွင်းထားနိုင်မည့်လုပ်ဆောင်ချက်ဖြစ်ပြီး Chrome က password များကို သိမ်းဆည်းရန် offer ပြုလုပ်လာခြင်းကို စောင့်ဆိုင်းနေစရာ လိုအပ်မှာမဟုတ်တော့မယ့်အပြင် ယခုအခါ Google က အဆိုပါလုပ်ဆောင်ချက်ကို platform များအားလုံးတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Google က ၎င်းတို့ရဲ့ Chrome နဲ့ Android ဖုန်းများပေါ်ရှိ Password Manager ရဲ့ ဒီဇိုင်းကို တူညီမှုရှိပြီး ပိုမိုရိုးရှင်းမှုရှိလာစေရန်ပေါင်းစပ်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ နောက်ထပ်ပါဝင်လာမယ့် လုပ်ဆောင်ချက်တစ်ခုကတော့ တူညီတဲ့ site တစ်ခုအတွင်း အသုံးပြုရသည့် Password များကို အလိုအလျှောက် group ပြုလုပ်ပေးမည့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ Android ဖုန်းများပေါ်မှာတော့ “Touch-to-Login” လုပ်ဆောင်ချက်အသစ်ဟာ အသုံးပြုသူများကို screen အောက်နားတွင်ပေါ်လာမည့် pop-up တစ်ခုပေါ်တွင် ၎င်းတို့ရဲ့ login အချက်အလက်များဖြည့်သွင်းထားရုံဖြင့် Login ဝင်ရောက်မှု ပိုမိုမြန်ဆန်လာစေရန် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။