Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ArsTechina.com မှ သတင်းများအရ - လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကပင် Google ဟာ ကမ္ဘာတစ်လွှားရှိ ရာနှင့်ချီသော carrier များနဲ့ ထုတ်လုပ်သူများနဲ့အတူတကွ ပူးပေါင်းလုပ်ဆောင်ကာ Rich Communications Services လို့ခေါ်တဲ့ စံနှုန်းတစ်ခုကို အသုံးပြုဖို့အတွက် လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါအဖွဲ့ဟာ သင့်ဖုန်းအတွင်း ပါဝင်လာမည့် texting app များကို လက်ရှိဈေးကွက်အတွင်းရှိနေသော messaging app များကဲ့သို့ပင် စွမ်းဆောင်ရည်ကောင်းမွန်မှုရှိလာစေရန် အစီအစဉ်များကို ချမှတ်ထားခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ Android ဖုန်းရှိသူ လူတိုင်းကို အကောင်းဆုံး messaging လုပ်ဆောင်ချက်များအား ပေးအပ်သွားနိုင်စေမှာဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် Google မှ ပြောဆိုခဲ့သည်မှာ - သူတို့ဟာ ကမ္ဘာတစ်ဝှမ်းအတွက် RCS ကို ထုတ်လွှင့်နိုင်ခဲ့ပြီဖြစ်ကာ ယခုအခါတွင် နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ရန်အတွက် လုပ်ဆောင်နေပြီဖြစ်ကာ ထိုအရာကတော့ end-to-end encryption ပဲဖြစ်ပါတယ်။ အဆိုပါ end-to-end encryption ဟာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း လွန်စွာလူသိများသောအရာတစ်ခုဖြစ်လာခဲ့ပြီး Edward Snowden မှ NSA ရဲ့ လျှပ်စစ်ပစ္စည်းများကိုအသုံးပြု၍ စောင့်ကြည့်မှုများကို လူတိုင်းအပေါ် ပြုလုပ်လျှက်ရှိတယ်ဆိုတာအား ဖော်ထုတ်ခဲ့ပြီးနောက်တွင် ပိုမို၍ ရေပန်းစားလာခဲ့ပါတယ်။
End-to-end encryption ဆိုတာဟာ အဆိုပါ စောင့်ကြည့်မှုများကို ရပ်တန့်နိုင်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကာ ဒီအရာက လွန်စွာခိုင်ခန့်မှုရှိသော cryptography များကိုအသုံးပြုကာ အသုံးပြုသူတိုင်းအား တစ်ဦးနဲ့တစ်ဦးမတူညီသော key များဖြင့် message များကို encrypt ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ key ဟာ အသုံးပြုသူတစ်ဦးစီတိုင်းမှသာ ပိုင်ဆိုင်နိုင်မှာဖြစ်တဲ့အတွက် end-to-end encryption များဟာ အဆိုပါ app ကို တီထွင်ဖန်တီးသူအပါအဝင်၊ ISP များ၊ Carrier များနဲ့ three-letter agency များ၊ အစရှိတဲ့သူများအားလုံးကိုပါ သက်ဆိုင်ရာ message များကို ဖတ်ရှုခြင်းမှ တားဆီးကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိတွင် E2EE ကို ထည့်သွင်းအသုံးပြုပေးထားသော Messaging app များမှာ - Signal, WhatsApp နှင့် iMessage တို့ဖြစ်ကြပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။