Google is Testing a New Feature Which Will Warn Users When Search Results are Unreliable

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.7.2021 | ရှာဖွေမှုရလာဒ်အဖြေများဟာ ယုံကြည်ရမှုမရှိနိုင်သည့်အခါတွင် အသုံးပြုသူများကို သတိပေးနိုင်မည့် လုပ်ဆောင်ချက်အသစ်ကို Google မှ စမ်းသပ်လျှက်ရှိ 

Google ဟာ မကြာသေးမှီက search result များကို စစ်ဆေးမှုများပြုလုပ်နိုင်မည့်အဆင့်များကို ထည့်သွင်းခဲ့ပြီးဖြစ်သော်လည်း အထူးသတင်းများနဲ့ ကြားဖြတ်အရေးပေါ်ကြေငြာတဲ့သတင်းများနှင့် ပတ်သက်၍ ယုံကြည်ရတဲ့ သတင်း အရင်းအမြစ်များဟာ ရှားပါးလှပါတယ်။ 

လက်ရှိမှာတော့ search result တစ်ခုဟာ မသေချာတဲ့/ အခြေအမြစ်မရှိတဲ့ အကြောင်းအရာတွေကို ပြသနေနိုင်တဲ့အခါတွင် အသုံးပြုသူများကို သတိပေးနိုင်မည့် လုပ်ဆောင်ချက်အသစ်တစ်ခုကို Google မှ ထည့်သွင်းရန်အတွက် စမ်းသပ်လျှက်ရှိနေပြီဖြစ်ကြောင်း Recode ရဲ့ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

ထိုအရာက သတင်းအသစ်များနှင့်ပတ်သက်၍ အသုံးပြုသူများကို သတိပေးနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး “အကယ်၍ တစ်စုံတစ်ယောက်မှ Google ပေါ်တွင် ရှာဖွေခြင်းပြုလုပ်ခဲ့ပါက ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ ခိုင်မာတိကျပြီး ယုံကြည်ရတဲ့အချက်အလက်များကိုသာ ပြသနိုင်စေဖို့အတွက် ကြိုးစားလျှက်ရှိနေပါတယ်” "သို့သော်လည်း အကြောင်းအရာအသစ်တစ်ခုပေါ်လာတဲ့အခါတွင် - စိတ်ချယုံကြည်ရတဲ့ သတင်းအရင်းအမြစ်များထံက အချက်အလက်များကို ရှာဖွေမှုရလာဒ်များထံသို့ ထည့်သွင်းနိုင်ဖို့အတွက် အချိန်အနည်းငယ် စောင့်ဆိုင်းရနိုင်ပါတယ်” ဟူ၍ Google Search ရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ liaison Danny Sullivan က Recode သို့ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။