Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Insider မှ သတင်းတစ်ပုဒ်အရ Google ဟာ Fitbit ကို ယခုနှစ်အစောပိုင်းတွင် အပြီးသတ်ဝယ်ယူခဲ့ပြီးနောက် Pixel တံဆိပ်ဖြင့် smartwatch များကို ထုတ်လုပ်နိုင်ရန် စတင်လုပ်ဆောင်လျှက်ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။
သတင်းများအရ အဆိုပါ smartwatch ကို Rohan ဟု Google office အတွင်းမှာတော့ “Rohan” ဟုအမည်ပေးထားကြောင်း သိရှိရပြီး ၎င်းတွင် အခြေခံ fitness-tracking လုပ်ဆောင်ချက်များဖြစ်တဲ့ step counts များ၊ heart rate monitor နှင့် Fitbit မှ အခြားသော လုပ်ဆောင်ချက်အချို့ကိုလည်း ထည့်သွင်းထားကြောင်း သိရှိရပါတယ်။
Google မှ ယခု စတင်ထုတ်လုပ်လျှက်ရှိနေပြီလို့ သတင်းရရှိထားတဲ့ အဆိုပါ smartwatch အမှန်တကယ် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာချိန်တွင် “Pixel Watch” ဟု အမှန်တကယ်အမည်ပေးသွားမလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းသိရှိရသေးခြင်းမရှိသော်လည်း Leak ရရှိထားတဲ့ သတင်းများအရတော့ Google ဟာ smartwatch တစ်လုံးကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ စတင်ဆောင်ရွက်လျှက်ရှိနေပြီပဲဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။