Google is Opening a Physical Retail Store this summer

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.5.2021 | ယခုနှစ်နွေရာသီအတွင်း Google မှ Google Store လက်လီအရောင်းဆိုင်တစ်ခုကို စတင်ဖွင့်လှစ်တော့မည်ဖြစ် 

Google ဟာ သူတို့ရဲ့ ပထမဆုံး Google Store လက်လီအရောင်းဆိုင်ကို စတင်ဖွင့်လှစ်တော့မှာဖြစ်ကြောင်း မေလ ၂၀ ရက်နေ့က ကြေငြာခဲ့ပါတယ်။ အဆိုပါဆိုင်အသစ်ဟာ ယခုနှစ်နွေရာသီအတွင်း New York မြို့အတွင်းရှိ Chelsea တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ 

Google Store တွင် များစွာသော Google ရဲ့ ထုတ်ကုန်များဖြစ်တဲ့ Pixel Phone များ၊ Nest smart home device များ၊ Fitbit tracker များ၊ Pixelbook များနှင့် အခြားသောအရာများကို ရောင်းချသွားမှာဖြစ်သလို Customer များအနေနဲ့လည်း Google ရဲ့ online store များမှတဆင့် ထုတ်ကုန်များကို မှာယူပြီးနောက် Google Store ဖွင့်လှစ်ထားသည့်နေရာတွင် လာရောက်ထုတ်ယူနိုင်စေမှာလည်းဖြစ်ပါတယ်။ 

Google Store ကို ယခုနှစ်နွေရာသီအတွင်းဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဆိုထားခဲ့ပေမယ့်လည်း Google မှ ထိုကဲ့သို့သောအရောင်းဆိုင်များကို တိုးချဲ့ဖွင့်လှစ်သွားရန် ရှိ/ မရှိကိုတော့ ကြေငြာခြင်းမရှိသေးပါဘူး။ သို့ပေမယ့်လည်း အဆိုပါစတိုးဆိုင်သာ အောင်မြင်ခဲ့ပါက Chelsea ရှိ စတိုးဆိုင်လေးဟာ များစွာသော Google Store အရောင်းဆိုင်များအနက် ပထမဆုံးအရောင်းဆိုင်တစ်ဆိုင်ဖြစ်လာမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။