Google has shut down productions of games for their Stadia platform

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.2.2021 | Google မှ သူတို့ရဲ့ Stadia platform အတွက် video game များကိုဆက်လက်ထုတ်လုပ်ခြင်း ပြုလုပ်တော့မည်မဟုတ် 

Google ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က သူတို့စတင်ထုတ်လွှင့်ပေးခဲ့သော Stadia gaming platform အတွက် ဂိမ်းအသစ်များကို ဆက်လက်ထုတ်လုပ်နေခြင်းအား ရပ်တန့်သွားမှာဖြစ်ကြောင်းကို CNN Business ရဲ့ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။ 

Stadia ရဲ့ vice president နဲ့ GM ဖြစ်သူ Phil Harrison မှ blog post တစ်ခုတွင် ပြောကြားသွားချက်အရ Google ဟာ Stadia Games and Entertainment နဲ့ သူတို့ရဲ့ internal game development service ကို ပိတ်သိမ်းဖို့လုပ်ဆောင်လျှက်ရှိကြောင်း သိရှိခဲ့ရပါတယ်။ 

လွန်ခဲ့သောနှစ်များအတွင်းတွင် Google ဟာ Amazon, Apple နဲ့ Facebook တို့နှင့်အပြိုင် ဂိမ်းများဖက်သို့ အားသွန်ခွန်စိုက် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့တဲ့ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ သို့သော်လည်း Game များကို အစမှအဆုံး develop ပြုလုပ်ရခြင်းဟာ များစွာအရင်းအနှီးစိုက်ထုတ်ရသောလုပ်ငန်းတစ်ခုဖြစ်ပြီး လုံလောက်တဲ့ အကျိုးအမြတ်ကိုသာ ပြန်လည်မရရှိနိုင်ပါက အထက်ဖော်ပြပါကဲ့သို့သော သုံးမကုန်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုများရှိနေတဲ့ ကုမ္ပဏီများအတွက်ကိုပင် အခက်အခဲများနဲ့ တွေ့ကြုံလာရစေနိုင်တဲ့အတွက် Google ဟာ ဒီအခြေအနေကို လက်လျှော့လိုက်ရခြင်းဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။