Google Has Released an Update to Make Their Workspace Services Free-To-Use

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.6.2021 | Google မှ Workspace ဝန်ဆောင်မှုကို အခမဲ့အသုံးပြု၍ရနိုင်စေရန် Update အသစ်တစ်ခုပြုလုပ်ပေးခဲ့ 

Google မှ ကမ္ဘာတစ်လွှားရှိ Gmail အသုံးပြုသူများအတွက် လုပ်ဆောင်ချက်အသစ်များကို update အနေနဲ့ ဆောင်ကြဉ်းလာခဲ့ပြီပဲဖြစ်ပါတယ်။ အဆိုပါ update တွင် Chat instant messaging ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး document များနှင့် file များကို မျှဝေ၍ရစေနိုင်မည့် Rooms လုပ်ဆောင်ချက်နှင့်အတူ သူတို့ရဲ့ “Meet” ဟုအမည်ရတဲ့ video-call ဝန်ဆောင်မှုတစ်ခုလည်း ပါဝင်လာမှာဖြစ်ပါတယ်။ Google Workspace ဟု အမည်ရတဲ့ အဆိုပါ feature bundle ကို ယခင်က အခကြေးငွေပေးရတဲ့ Google အကောင့်များမှသာ ရယူအသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ 

Workspace တွင် သင့်အနေနဲ့ click တစ်ချက်နှိပ်လိုက်ရုံဖြင့် Google Docs, Google Sheet နှင့် Google Slide တို့ကို Google Meet video-call ပေါ်တွင် ပြသပေးနိုင်မှာဖြစ်တဲ့အတွက်။ ထိုသို့ အခမဲ့အသုံးပြု၍ရနိုင်စေရန် လုပ်ဆောင်ပေးလိုက်ခြင်းအားဖြင့် အခြားသော Google ရဲ့ အခမဲ့အသုံးပြုနိုင်တဲ့ web app များကို Microsoft Office 365 ကဲ့သို့သော အခြားဝန်ဆောင်မှုများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများပြုလုပ်လာနိုင်စေမှာဖြစ်ပါတယ်။ 

ထို့အပြင် Workspace ဟာ messaging ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ “Chat” ကိုလည်း သင့်ရဲ့ Gmail inbox သို့ ထည့်သွင်းပေးသွားမှာဖြစ်ပြီး အဆိုပါဝန်ဆောင်မှုအသစ်တွင် သင့်အနေနဲ့ စာတိုပေးပို့မှုများ၊ ဓါတ်ပုံများ၊ video များနှင့် web link များကို သင့်ရဲ့ Gmail contact list အတွင်းရှိ မည်သူ့ထံသို့မဆို ပေးပို့နိုင်စေမှာဖြစ်တဲ့အပြင် Group message များကိုလည်း ပြလုပ်သွားနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အဆိုပါ Chat window အတွင်းတွင် Google Docs, Google Slides နှင့် Google Sheets document များကို သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များထံသို့ အလွယ်တကူပေးပို့၍ ရလာနိုင်စေမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။