Google halts plans for Google Pay-based banking service

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.10.2021 | Google မှ ၎င်းတို့ရဲ့ Google Pay ကိုအခြေခံထားသည့် Banking ဝန်ဆောင်မှုကို ထုတ်လွှင့်ရန်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ 

Google မှ ၎င်းတို့ရဲ့ Plex ဝန်ဆောင်မှုဆိုတဲ့ Google Pay app မှတဆင့် အသုံးပြုသူများရဲ့ ဘဏ်စနစ်များကို စီမံခန့်ခွဲနိုင်စေမယ့် Online banking စီမံခန့်ခွဲမှု app ကိုဖန်တီးနေခြင်းအား ရပ်ဆိုင်းလိုက်ပြီပဲဖြစ်ပါတယ်။ 

ဒီဝန်ဆောင်မှုဟာ အသုံးပြုသူများအနေနဲ့ သမားရိုးကျဘဏ်များမှ ပေးအပ်ထားတဲ့ saving account များကို စစ်ဆေးခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို Google Pay app မှတဆင့် ပြုလုပ်၍ရနိုင်စေမယ့် app တစ်မျိုးဖြစ်ပါတယ်။ 

The Wall Street Journal မှ ရေးသားခဲ့တဲ့သတင်းတစ်ပုဒ်အရ အဆိုပါလုပ်ငန်းပရောဂျက်ကိုပြုလုပ်ရာတွင် နောက်ဆုံးထားသတ်မှတ်ရက်အမှီ ပြီးစီးအောင်မဆောင်ရွက်နိုင်ခြင်းများနှင့် အဆိုပါပရောဂျက်ကိုဦးစီးခဲ့တဲ့ ကုမ္ပဏီအလုပ်အမှုဆောင်တစ်ဦး အလုပ်ထွက်သွားခြင်း အစရှိတဲ့အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရတာဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။