Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Google Fiber ဟာ လာမည့် ၂၀၂၃ ခုနှစ်အစောပိုင်းတွင် 5Gbps နှင့် 8Gbps plan များကို ထုတ်လွှင့်ပေးသွားရန် စီစဉ်လျှက်ရှိနေကြောင်း 9to5Google မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
Google ဟာ ဒီ offer အသစ်များကို ပုံမှန် cloud ပေါ်မှ ဖိုင်များကို upload/ download ပြုလုပ်နေရလျှက်ရှိသည့် Creative ပိုင်းတွင်လုပ်ကိုင်နေသော professional သမားများအတွက် အဓိကရည်ရွယ်ပြီး ရောင်းချသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါအင်တာနက် Plan များကို ကြီးမားတဲ့မိသားစုများ၊ လူအများစုမှ အင်တာနက်သုံးစွဲရသော Shopping Mall ကဲ့သို့သောနေရာများအတွက်လဲ ဝယ်ယူအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
"5Gbps မြန်နှုန်းဟာ File Size ဘယ်လောက်ကြီးကြီး upload နှင့် download များကို တပြိုင်နက်တည်းလုပ်ဆောင်နိုင်စေမှာဖြစ်ပြီး 8Gbps မြန်နှုန်းကတော့ သင် online ပေါ်တွင်ပြုလုပ်သမျှအရာတိုင်းဟာ အပြင်လောကရှိအချိန်နဲ့တပြေးညီ ဖြစ်ပေါ်လာစေဖို့အတွက် (jitter များ latency နည်းခြင်းများ မဖြစ်စေပဲ) လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်" ဟူ၍ Google ၏ director of product management ဖြစ်သူ Amalia O'Sullivan က ပြောကြားခဲ့ပါတယ်။ ဒီ Plan များကို Wi-Fi 6 router နှင့် mesh extender (၂) ခု ထည့်သွင်းတပ်ဆင်ပေးမှာဖြစ်ပြီး ကျွမ်းကျင်သူများက လာရောက်တပ်ဆင်ပေးမှာလဲဖြစ်ပါတယ်။
ဈေးနှုန်းအားဖြင့်တော့ 5Gbps plan အတွက် တစ်လလျှင် ကန်ဒေါ်လာ ၁၂၅ ကျပ် ကျသင့်မှာဖြစ်ပြီး 8Gbps plan အတွက် တစ်လလျှင် ကန်ဒေါ်လာ ၁၅၀ ကျသင့်မှာဖြစ်ပြီး Upload နှင့် Download speed ကို ညီတူညီမျှ ရရှိနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။