Google Assistant’s automated password changing option will be available widely soon

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.5.2022 | Google Assistant ရဲ့ အလိုအလျှောက် Password များကို ပြောင်းပေးနိုင်မည့် လုပ်ဆောင်ချက်ကို မကြာမှီ အသုံးပြုနိုင်တော့မည်

User များအနေနဲ့ လုံခြုံရေးကျိုးပေါက်မှုတစ်ခုကို သိရှိရတိုင်း မိမိတို့ရဲ့ Password များကို တစ်ခုချင်းစီ အချိန်ပေး၍ လိုက်လံပြောင်းလဲရခြင်းအား အလိုအလျှောက် ကူညီပြုလုပ်ပေးနိုင်မည့် Google Assistant feature တစ်ခုကို ယခုအခါတွင် ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်စေရန် ထုတ်လွှင့်ပေးသွားတော့မှာဖြစ်တယ်လို့ leake တစ်ဦးဖြစ်သူ Max Weinbach ထံမှ ပြောကြားချက်အရ သိရှိရပါတယ်။

Weinbach ရဲ့ screenshot များအရ Chrome on Android မှ အသုံးပြုထားတဲ့ password တစ်ခုဟာ လုံခြုံရေးကျိုးပေါက်မှုတွင် ပါဝင်နေသည်ဟု သတိပေးထားသည့် စာတန်းပါသည့် box တစ်ခုကို တွေ့ရှိရပြီး “အလိုအလျှောက်ပြောင်းလဲရန်” အတွက် option တစ်ခုလည်းပါဝင်လာတာကို တွေ့ရှိရပါတယ်။ အခြားတစ်ခုမှာတော့ အသုံးပြုသူကို “Let Google Assistant help you change your password” ဆိုတဲ့ option အား သဘောတူ/ မတူ မေးမြန်းထားသည့် confirmation box တစ်ခုကို တွေ့ရှိရပါတယ်။

အဆိုပါ Google Assistant feature ကို ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ Google I/O တွင် ကြေငြာခဲ့တာဖြစ်ပြီး ယခုအခါတွင်တော့ support ပေးထားတဲ့ site များတွင်သာ ထိုသို့ပြုလုပ်ပေးနိုင်ဦးမှာဖြစ်သော်လည်း ဖြစ်နိုင်ပါက အဆိုပါ password ပြောင်းလဲပေးရတဲ့လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ အကြိမ်ရေများများနဲ့ အလိုအလျှောက်ပြုလုပ်ပေးသွားရန်ရည်မှန်းထားတယ်လို့ သိရှိရပြီး အဆိုပါ option ကို အသုံးပြုထားပါက Google Assistant မှ သင့်ရဲ့ password ကို ပြောင်းလဲဖို့ သွားရောက်ရမယ့် page သို့ တိုက်ရိုက်ပို့ပေးနိုင်မှာဖြစ်ပြီး Chrome ရဲ့ built-in password manager ကို အသုံးပြုကာ password အသစ်တစ်ခုကို ထုတ်ပေးပြီးနောက် login detail အသစ်များကို ပြန်လည်၍ သိမ်းဆည်းပေးထားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။