Google announced to invest $740m in Australia

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.11.2021 | Google မှ Australia တိုက်အတွင်း ကန်ဒေါ်လာ သန်း ၇၄၀ ကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့

Google မှ လာမည့် ၅ နှစ်တာကာလအတွင်း Australian Dollar ၁ ဘီလျံ (ကန်ဒေါ်လာ သန်း ၇၄၀) ကို Australia တိုက်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမှာဖြစ်တယ်လို့ မကြာသေးမှီက ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ Australia တိုက်အတွင်း Google ရဲ့ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော သမိုင်းဝင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှုတစ်ရပ်ဖြစ်ပြီး Google ရဲ့အဆိုအရ အဆိုပါရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ငွေကြေးများကို ၎င်းတို့ရဲ့ cloud computing capacity ကို တိုးမြှင့်နိုင်ရေးအတွက် သုသေသနစင်တာတစ်ခုတည်ဆောက်ရာတွင်အသုံးပြုသွားမှာဖြစ်ပြီး လက်တွဲလုပ်ကိုင်မှုပြုလုပ်မည့် ဒေသခံလုပ်ငန်းအဖွဲ့အစည်းများကိုလည်း အထောက်အပံ့များပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အဆိုပါ Digital Future Initiative လို့အမည်ပေးထားတဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အလုပ်အကိုင်ပေါင်း ၆,၀၀၀ ကျော်ကို တိုက်ရိုက်ဖန်တီးပေးနိုင်မှာဖြစ်ပြီး လူပေါင်း ၂၈,၀၀၀ ခန့်ကို အထောက်အပံ့ပြုနိုင်မှာဖြစ်တယ်လို့လည်း ခန့်မှန်းထားကြောင်း သိရှိရပါတယ်။ Sydney မြို့တွင်ပြုလုပ်ခဲ့တဲ့ အဆိုပါ initiative ရဲ့ ဖွင့်ပွဲတွင် Google ရဲ့ အကြီးအကဲဖြစ်သူ Sundar Pichai မှ “Australia တိုက်အနေနဲ့ နောက်ထပ်ရောက်ရှိလာမည့် ကမ္ဘာ့တီထွင်ဖန်တီးမှုလှိုင်းကို ဦးဆောင်ရာတွင် တစ်တပ်တစ်အားအနေနဲ့ ပါဝင်နိုင်မှာဖြစ်ပြီး နည်းပညာကိုအသုံးချ၍ ဘဝနေထိုင်မှုများကို အဆင့်မြှင့်တင်ပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ခြင်းတို့အပြင် ဘက်စုံတိုးတက်မှုများကို တွေ့ရှိလာရမှာဖြစ်ပါတယ်” ဟူ၍ မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။