Google announced that Android 2.3.7 and earlier models won’t be able to sign-in

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.8.2021 | စက်တင်ဘာ ၂၇ ရက်နေ့ကစတင်၍ Android 2.3.7 နှင့် အစောပိုင်း Android version များတွင် Google သို့ sign-in ဝင်ရောက်၍ ရနိုင်တော့မည်မဟုတ်ကြောင်း ကြေငြာ

Engadget ရဲ့ သတင်းတစ်ပုဒ်အရ Google ဟာ စက်တင်ဘာလ ၂၇ ရက်နေ့အလွန်တွင် Android 2.3.7 (Gingerbread) နှင့် ထို့ထက်နိမ့်သော Android version များကို သူတို့ရဲ့ app များသို့ sign-in ဝင်ရောက်ခွင့် ပိတ်ပင်သွားတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။

ဒီဖြတ်တောက်မှုဟာ အကောင့်များရဲ့ Privacy လုံခြုံရေးကိုကာကွယ်နိုင်ရန်အတွက် မရှိမဖြစ် အရေးကြီးတဲ့အတွက် လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပါတယ် ဟူ၍လည်း Google က အသုံးပြုသူများထံသို့ ပေးပို့ခဲ့တဲ့ e-mail တစ်စောင်အတွင်းတွင် ရေးသားထားခဲ့ပါတယ်။

Google အား ထိုအကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ - “Gingerbread နဲ့ သူ့ထက်စောတဲ့ Android model များဟာ အနည်းငယ်သာအသုံးဝင်တော့မှာဖြစ်တဲ့အတွက် ဒါဟာ များစွာသောအသုံးပြုသူများရဲ့ နေ့စဉ်ဖုန်းအသုံးပြုမှုပုံစံအပေါ်ကိုတော့ အကျိုးသက်ရောက်မှုများရှိလာစေမှာမဟုတ်ပါဘူး။ အဆိုပါ Android model များကို အသုံးပြုထားတဲ့ Hardware များပေါ်တွင်လည်း ယနေ့ခေတ်ရဲ့ နောက်ဆုံးပေါ် task များကို ပြုလုပ်နိုင်ဖို့ဟာ လွန်စွာခက်ခဲနေပြီဖြစ်ပါတယ်။” ဟူ၍ ပြန်လည်ဖြေကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။