Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် Google ရဲ့ CEO Sundar Pichai မှ ဝန်ထမ်းများအနေနဲ့ ကာကွယ်ဆေးထိုးနှံပြီးမှသာ ရုံးသို့ပြန်လည်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ရုံးတွင်းအသိပေးစာတစ်စောင်ကို e-mail ပေးပို့ခဲ့ကြောင်း The New York Times မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။
ဒီကြေငြာချက်ကြောင့် Google ဟာ ဝန်ထမ်းများအား ရုံးသို့ပြန်လည်တက်ရောက်ခြင်းမပြုကြမှီတွင် အရင်ဦးဆုံး ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းတဲ့ ပထမဆုံးသော နည်းပညာကုမ္ပဏီကြီးတစ်ခုအနေနဲ့ မှတ်တမ်းဝင်သွားစေခဲ့ပြီး Google ရဲ့ ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်ချက်ဟာ အမေရိကရှိ ဝန်ထမ်းများထံသို့ လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း သက်ရောက်မှုရှိစေမှာဖြစ်ပြီး အခြားသောဒေသများရှိ ဝန်ထမ်းများထံသို့ကိုတော့ လာမည့်လများအတွင်းတွင် သက်ရောက်မှုရှိလာစေမှာဖြစ်ပါတယ်။
ဒါ့အပြင် Google ဟာ အမေရိကရှိ နေရာအနှံ့အပြားတွင် COVID-19 Delta မျိုးကွဲဟာ လွန်စွာပျံ့နှံ့လျှက်ရှိနေတဲ့အတွက် သူတို့ရဲ့ တရားဝင် ရုံးပြန်တက်ရမည့်နေ့ရက်ကို စက်တင်ဘာလအတွင်းမှ အောက်တိုဘာလ ၁၈ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ကြောင်းကိုလည်း သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။