Google Announced for a feature which will automatically strip permissions from unused apps.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.9.2021 | ကြာမြင့်စွာ အသုံးမပြုသော app များရဲ့ Permission များကို အလိုအလျှောက်ပယ်ဖျက်ပေးနိုင်မည့် လုပ်ဆောင်ချက်အား Google မှ ကြေငြာ

Android 6 နှင့် အထက် device များ၌ ကြာမြင့်စွာအသုံးပြုခြင်းမရှိသော app များရဲ့ Permission များကို အလိုအလျှောက်ပယ်ဖျက်ပေးမည့် လုပ်ဆောင်ချက်တစ်ခုအား Android 6 နှင့် အထက် device များတွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Google မှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ယခင်က အဆိုပါ auto-reset app permissions  လုပ်ဆောင်ချက်ကို Android 11 တွင်သာအသုံးပြု၍ရနိုင်ခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်ကာလထက်ကျော်လွန်၍ app တစ်ခုကို အသုံးပြုခြင်းမရှိတဲ့အခါ Android စနစ်မှာ အဆိုပါ app ကို ယခင်ကပေးထားတဲ့ permission များအားလုံးကို ပယ်ဖျက်လိုက်ခြင်းအားဖြင့် သင့်ကို background တွင် tracking ပြုလုပ်နေပြီး ဒေတာအချက်အလက်များကို ရယူနေခြင်းအား ကာကွယ်ပေးနိုင်မယ့် လုပ်ဆောင်ချက်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါဟာနည်းပညာကျွမ်းကျင်သူများမဟုတ်ပဲ ဖုန်းရဲ့ background process များကို ကောင်းစွာစီမံခန့်ခွဲမှု မပြုလုပ်တတ်တဲ့ သာမန်အသုံးပြုသူများအတွက်တော့ လွန်စွာအသုံးဝင်တဲ့လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ အကယ်၍ အသုံးမပြုတာကြာတဲ့ app များကို ပြန်လည်ဖွင့်လှစ်တဲ့အခါတွင်တော့ အဆိုပါ permission များကို နောက်တစ်ကြိမ်ထပ်မံပေးအပ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို Android 6 နှင့် အထက် device များတွင်ပါ ရရှိနိုင်ရန်ပြုလုပ်ပေးလိုက်ခြင်းအားဖြင့် သန်းပေါင်းများစွာသောအသုံးပြုသူများအနေနဲ့ အဆိုပါလုပ်ဆောင်ချက်ကို အလွယ်တကူအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Google ရဲ့ ၁၈ လကြာ စစ်တမ်းကောက်ယူခဲ့တဲ့ ဇယားကွက်တွင် Android 6 device များဟာ ၆၈.၉% အထိ နေရာယူထားပြီး အဆိုပါ feature ကို ယခုနှစ် ဒီဇင်ဘာလမှ စတင်၍ Google Play Service Update မှတဆင့် download ပြုလုပ်ထားနိုင်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ပထမ (၃) လအတွင်း အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Google ရဲ့ပြောဆိုချက်အရ “Update ပြုလုပ်ထားပြီးနောက် နောက်ထပ်ရက်သတ္တပတ်အနည်းငယ်အတွင်း အဆိုပါ feature ကို တရားဝင်ထုတ်လွှင့်သည့်အချိန်မှစတင်၍“ Android စနစ်မှ အလိုအလျှောက် permission များကို ပယ်ဖျက်ပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။