Google announced 50 million users has subscribed to YouTube’s Premium Services

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.9.2021 | YouTube ရဲ့ Premium ဝန်ဆောင်မှုများကို Subscribe ပြုလုပ်သူပေါင်း သန်း ၅၀ ရှိပြီဟု Google မှ ကြေငြာ

 YouTube Music နဲ့ YouTube Premium ဝန်ဆောင်မှုများကို subscribe ပြုလုပ်၍အသုံးပြုသူပေါင်း သန်း ၅၀ ခန့်ရှိနေပြီဖြစ်ကြောင်း မကြာသေးမှီက Google မှထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါဟာ ဒီဇင်ဘာလ၊ ၂၀၂၀ ခုနှစ်ကကြေငြာခဲ့တဲ့ Subscriber ပေါင်း သန်း ၃၀ မှ သိသိသာသာကို တိုးတက်မှုရှိလာတဲ့ ပမာတစ်ခုဖြစ်ပါတယ်။ 

ဒီကိန်းဂဏ္ဍန်းများအရ အသုံးပြုသူများဟာ အခြားသောအပြိုင်အဆိုင်ဝန်ဆောင်မှုများအကြားတွင်တောင်မှ YouTube နဲ့ YouTube Music တို့ရဲ့ free version များမှ Premium ဝန်ဆောင်မှုများသို့ ပိုမို၍ကူးပြောင်းလာကြတာကိုပြသလျှက်ရှိနေပါတယ်။ Google မှ ဒီ သန်း ၅၀ ကို အသေးစိတ်ဖော်ပြမထားတဲ့အတွက် ထိုအထဲကမှ အသုံးပြုသူမည်မျှဟာ YouTube Music နဲ့ Premium ဝန်ဆောင်မှုများကို အမှန်တကယ် Subscribe ပြုလုပ်၍အသုံးပြုနေပြီး မည်မျှကတော့ ၁ လ အခမဲ့စမ်းသပ်အသုံးပြုမှုပြုလုပ်နေသလဲဆိုတာကို သိရှိရခြင်းမရှိသေးပါဘူး။ 

ဈေးနှုန်းအားဖြင့် YouTube Music Premium ကို subscription ပြုလုပ်ဖို့အတွက် ၁ လလျှင် ကန်ဒေါ်လာ ၉.၉၉ ကျသင့်မှာဖြစ်ပြီး YouTube Premium ကတော့ ၁ လလျှင် ကန်ဒေါ်လာ ၁၁.၉၉ ကျသင့်မှာဖြစ်ကာ ဝန်ဆောင်မှု ၂ ခုစလုံးဟာ အသုံးပြုသူများကို YouTube မှ တေးသီချင်းများ၊ ရုပ်ရှင်များနဲ့ video များကို download ပြုလုပ်ခြင်း၊ ကြော်ငြာများမပါပဲ ဆက်တိုက်ကြည့်ရှုနိုင်ခြင်း၊ အစရှိတဲ့အားသာချက်များကို ရရှိနိုင်မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။