Google and Apple are trying to protect users from tracking.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.9.2020 | Google နဲ့ Apple တို့က အသုံးပြုသူများကို စောင့်ကြည့်လေ့လာမှုများမှ ကာကွယ်ရန်ဆောင်ရွက်နေ။ 

ယခုနှစ်အတွင်း Google နဲ့ Apple တို့က အသုံးပြုသူများ၏ အွန်လိုင်းအသုံးပြုပုံ အလေ့အထများအပေါ်မူ တည်၍ profile များစုစည်းတည်ဆောက်နေသည့် ရာနဲ့ချီသောကုမ္ပဏီများထံမှ ကာကွယ်ပေးနိုင်ဖို့အတွက် အဆင့်များကို လုပ်ဆောင်လျှက်ရှိသည်ဟု ပြောကြားသွားခဲ့ပါတယ်။ တစ်ချိန်တည်းတွင် အခြားကုမ္ပဏီများ ကလည်း ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝများအတွင်းသို့ ပိုမိုကြည့်ရှုနိုင်စေရန်အတွက် နည်းလမ်းအသစ်များကို ကြိုးပမ်းလျှက်ရှိနေပါတယ်။ 

ဇန်နဝါရီလအတွင်းက Google က သူတို့ရဲ့ Chrome browser ပေါ်တွင်ရှိနေသော third-party cookie များကို စစ်ထုတ်သွားကာ advertiser များအနေနဲ့ ကျွန်ုပ်တို့ရဲ့ browsing habits (အင်တာနက်အသုံးပြုပုံ အလေ့အထ/ အမူအကျင့်) များကို သိရှိနိုင်ရန် ပိုမို၍ခက်ခဲသွားစေဖို့အတွက် ပြုလုပ်သွားမည်ဟူ၍ ပြောဆို ခဲ့ပါတယ်။ Publisher များနဲ့ advertiser များဟာ ကျွန်ုပ်တို့ရဲ့ ဈေးဝယ်မှု၊ အင်တာနက်အသုံးပြုမှုနဲ့ ရှာဖွေတဲ့အချက်အလက်များရဲ့ ဒေတာများကို cookie များအသုံးပြုပြီး ကျယ်ပြန့်တဲ့ user profile များကို တည်ဆောက်နေကြပါတယ်။ ဒီ profile များတွင် ကျွန်ုပ်တို့စိတ်ဝင်စားတဲ့ နိုင်ငံရေး၊ ကျန်းမာရေး၊ ဈေးဝယ်ယူမှုပုံစံများ၊ လူမျိုး၊ လိင်အမျိုးအစားနဲ့ အခြားသောအရာများပင် ပါဝင်နေနိုင်ပါတယ်။ ဒါပေမယ့်လဲ Google ကတော့ အဆိုပါဒေတာများကို သူတို့ရဲ့ကိုယ်ပိုင် search engine နဲ့ YouTube, Gmail ကဲ့သို့သော site များကနေတဆင့် ဆက်လက်ပီးစုဆောင်းနေဦးမှာပဲဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ Apple ကတော့ လာမယ့် iOS ဗားရှင်းအသစ်တွင် app များအနေနဲ့ အသုံးပြုသူများကို ဝန်ဆောင်မှုများ အသုံးပြုရာတွင် စောင့်ကြည့်ခွင့်ပြု/ မပြုကို အရင်မေးမြန်းစေဖို့အတွက် လိုအပ်လိမ့်မယ် ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့ စတင်အကျိုးသက်ရောက်မယ့်နေ့ရက်ကို Facebook က complain တက်ခဲ့ပြီးနောက် နောင်လာမည့်နှစ်အတွင်းသို့ ရွှေ့ဆိုင်းပေးခဲ့သော်လည်း ဇွန်လအတွင်းပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ၈၀ ရာခိုင်နှုန်းသောသူတို့ဟာ ထိုကဲ့သို့ စောင့်ကြည့်နေခြင်းကို မလိုလားကြဘူးဆိုတာကို ပြသလျှက်ရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။