Google and Apple are banning technology for sharing users’ location data

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.12.2020 | Google နဲ့ Apple တို့မှ အသုံးပြုသူများရဲ့ တည်နေရာကိုမျှဝေပေးသော နည်းပညာများကို တားမြစ်ပိတ်ပင်ရန်ပြုလုပ်လျှက်ရှိ

သင့်ဖုန်းအတွင်းရှိ app အချို့တွင် X-mode Social မှ ကုဒ်အချို့ပါဝင်နေနိုင်ပြီး ထိုအရာက သင့်ရဲ့တည်နေရာကို ခြေရာခံပေးပို့ပြီး ရောင်းချမှုများ ပြုလုပ်နေနိုင်ပါတယ်။ လက်ရှိအချိန်တွင်တော့ Google နဲ့ Apple တို့ဟာ ဒီအရာကို ရပ်တန့်နိုင်ဖို့အတွက် ကြိုးစားလျှက်ရှိတယ်ဟူ၍ Wall Street မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ ကုမ္ပဏီ ၂ ခုစလုံးဟာ developer များကို သူတို့ရဲ့ app များပေါ်ရှိ X-Mode ရဲ့ကုဒ်ကို ဖယ်ရှားပေးဖို့အတွက် အကြောင်းကြားခဲ့ကြပြီး ဒီလိုမှမဟုတ်ရင်တော့ အဆိုပါ app များကို ကုမ္ပဏီ ၂ ခုစလုံးမှ သက်ဆိုင်ရာ app store များပေါ်မှ ဖယ်ရှားမှုများပြုလုပ်သွားမှာဖြစ်ပါတယ်။ 

X-Mode ဟာ developer များကို သူတို့ရဲ့ app ထဲသို့ထည့်သွင်းရမည့် SDK ဟု ခေါ်တွင်သော ကုဒ်တစ်ခုကိုပေးအပ်ကာ အဆိုပါအရာက အသုံးပြုသူရဲ့ တည်နေရာကို ခြေရာခံမှုပြုလုပ်ပြီးနောက် အဆိုပါ အချက်အလက်များကို X-Mode သို့ရောင်းချရန်အတွက် ပြန်လည်ပေးပို့နေတာပဲဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ X-Mode က developer များကို သူတို့ရဲ့ app ပေါ်တွင်ရှိနေသော အသုံးပြုသူအရေအတွက် အပေါ်မူတည်၍ ငွေကြေးပမာဏတစ်ခုသတ်မှတ်ကာ ပေးအပ်သွားတာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ Apple မှ သူတို့ရဲ့ developer များကို SDK အားဖယ်ရှားရန် အချိန် ၂ ပတ်ပေးထားခဲ့ပြီး Google မှတော့ အချိန်တစ်ပတ်ပေးကာ အဆိုပါအချိန်ကို ရက် ၃၀ အထိသာ နောက်သို့ရွှေ့ခွင့်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အနာဂါတ်တွင်လည်း စာဖတ်သူတို့အသုံးပြုနေတဲ့ app တစ်ခုခုက တည်နေရာကိုရယူဖို့ လိုအပ်ခဲ့ပါက အဆိုပါ app အနေနဲ့ ဒီအရာကို အမှန်တကယ်လိုအပ်မှု ရှိ၊မရှိကို သေချာစွာစဉ်းစားကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။