Google adds new AR tools for Google Maps

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.10.2020 | Google က Google Maps အတွက် AR tool အသစ်များကို ထည့်သွင်းခဲ့ 

Google က Google Maps ကို လမ်းညွှန်ပေးရာတွင်ပိုမိုပြီးအသုံးဝင်လာနိုင်စေမည့် update အချို့ကို ပြုလုပ်ပေး ခဲ့ပါတယ်။ သူတို့က augment reality (AR) လုပ်ဆောင်ချက်များကို Google Maps တွင်ပိုမိုတိုးချဲ့ပေးခဲ့တာဖြစ် ပါတယ်။ လွန်ခဲ့သောနှစ်က Live View လို့ခေါ်တဲ့ AR အသုံးပြု မြို့တွင်းလမ်းညွှန်လုပ်ဆောင်ချက်တစ်ရပ်နဲ့ စတင်ကာမိတ်ဆက်ပေးခဲ့ပါတယ်။ မကြာမှီတွင်တော့ ဒီလုပ်ဆောင်ချက်အသစ်ကို ထုတ်လွှင့်ပေးတော့မှာဖြစ်ပြီး သင့်အနေနဲ့ အချို့သောလုပ်ငန်းများနဲ့ အထင်ကရနေရာများရဲ့တည်နေရာကို ဘယ်လောက်ဝေးသလဲ၊ ထိုနေရာသို့ရောက်အောင် ဘယ်လိုသွားရမလဲဆိုတာတွေနဲ့ပတ်သက်ပြီး ပိုမိုလွယ်ကူစွာ တွေ့မြင်နိုင်တော့မှာဖြစ် ပါတယ်။ ဥပမာအားဖြင့် သင်က Paris မြို့ရှိ Eifel Tower ကိုသွားရောက်လိုတယ်ဆိုပါက သင့်ဖုန်းကင်မရာပေါ်တွင် သင်ဘယ်ဘက်ကိုချိုးကွေ့ရမယ်ဆိုတာကို အပြာရောင်အစက်လေးနဲ့ တွေ့မြင်နိုင်တော့ မှာပဲဖြစ်ပါတယ်။ 

Google ကလဲ သူတို့ဟာ multi-modal navigation ကိုအသုံးပြုနေစဉ်တွင် Live View ကိုအသုံးပြု၍ ရနိုင်ရန်အတွက် အဆင့်မြှင့်တင်မှုတွေပြုလုပ်လျှက်ရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဥပမာ - သင်က Google Maps ပေါ်ရှိ subway direction များအတိုင်းသွားနေတယ်ဆိုပါစို့၊ သင့်အနေနဲ့ ထွက်ပေါက်ကိုရောက်တာနဲ့ Live View ကိုအသုံးပြုပြီး မှန်ကန်တဲ့ဘက်သို့ရွေးချယ်ကာလျှောက်လှမ်းသွားနိုင်စေ မှာပဲဖြစ်ပါတယ်။ သင့်ရဲ့ဖုန်းကနေတဆင့် သင့်ရဲ့ location ကိုပေးပို့ရာတွင်လဲ Live View သို့ ဝင်ရောက်ပြီး ပေးပို့ နိုင်တော့မှာလဲဖြစ်ပါတယ်။ 

ထို့အပြင် Google က location pin များကိုလဲ မြေမျက်နှာပြင်အမြင့်များကိုပါထည့်သွင်းစဉ်းစားပြီး ပိုမိုတိကျမှုရှိ လာစေဖို့ လုပ်ဆောင်လျှက်ရှိနေတယ်လို့ ဆိုခဲ့ပါသေးတယ်။ ဒီအချက်ကြောင့် သင့်က နေရာတစ်ခုကနေတစ်ခုသို့ Google Maps ကိုအသုံးပြုပြီးသွားတဲ့အခါ လွဲမှားစွာပြသနေတဲ့ pin များကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ရောထွေးမှု တွေကိုရှောင်လွှားနိုင်စေမှာပဲဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။